မနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်းဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့မှာတော့ အာဆင်နယ်တို့ လီဗာပူးလ်ကို ဂျိုတာရဲ့ သွင်းဂိုးတွေကြောင့် အရေးနိမ့်သွားခဲ့ရပါတယ်။ ပထမအကျော့မှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သလို ဒုတိယအကျော့မှာတော့ အာဆင်နယ်တို့ ၂-၀နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။
နှစ်သင်းစလုံးမှာ ဒဏ်ရာပြသနာတွေ၊ လူမစုံတဲ့အနေအထားတွေရှိခဲ့လို့ အကောင်းဆုံးအသင်းနှစ်သင်း ကစားတာတော့မဟုတ်ခဲ့ပါဘူး။ ဒီပွဲမှာ ပြောစရာဖြစ်ခဲ့တာကတော့ အာဆင်နယ်ကွင်းလယ်လူသောမတ်စ်ပါတေးရဲ့ အနီကတ်ပါပဲ။ အာဖရိကဖလားပွဲကို ဂါနာအတွက် သွားကစားပေးခဲ့ပေမယ့် အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရလို့ ပါတေးက အသင်းနဲ့အတူ မြန်မြန်ပဲ ပြန်ပူးပေါင်းနိုင်ခဲ့ပါတယ်။
အသင်းကို ကူညီပေးဖို့အတွက် အမြန်ဆုံးပြန်လာခဲ့သလို အနားယူချိန်တောင် လုံလုံလောက်လောက်မရခဲ့တဲ့ ပါတေးအတွက်တော့ ဒီရက်သတ္တပတ်က အိပ်မက်ဆိုးတွေပါပဲ။ ၂ ရက်အတွင်းမှာပဲ ပြိုင်ပွဲ ၂ ခုကနေ သက်ဆိုင်ရာအသင်းတွေ ထွက်ခွာခဲ့ရမှုကို ရင်ဆိုင်လိုက်ရတာဖြစ်သလို အနီကတ်ပါအပြခံခံခဲ့ရလို့ သူ့ထက်ကံဆိုးတဲ့ ကစားသမားက လက်တလောမှာရှိမယ်တောင် မထင်တော့ပါဘူး။