မှတ်တမ်းရုပ်ရှင်အသစ်မှာ ဒီအကြောင်း ပါဝင်လာခဲ့တာပါ။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်မှာ ဘန်ဇီမာ ဘလွန်းဒီအော်ရရှိခဲ့တဲ့အပေါ် ထိုက်တန်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ အဆိုပါ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဘလွန်းဒီအော်ဆုကို အငြင်းပွားဖွယ်မရှိ ဆွတ်ခူးခဲ့တာပါ။



ဘန်ဇီမာဟာ အဲ့ဒီမတိုင်ခင် ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒီအတွက်လည်း အဓိကနေရာကနေ အသုံးတော်ခံ ခြေစွမ်းပြ ဂိုးတွေသွင်းယူခဲ့ပါတယ်။ ဘန်ဇီမာဟာ အသင်းအတွက် ပြိုင်ပွဲစုံ​ (၄၆) ပွဲ ကစား၊ (၄၄)​ ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၅)​ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ကလည်း လာလီဂါ၊ ချန်ပီယံလိဂ်နဲ့ စပိန်စူပါဖလားတို့ကို တစ်ရာသီအတွင်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး သမိုင်းဝင်အောင်မြင်မှုတွေကြောင့်လည်း ဘန်ဇီမာက အခုလိုပဲ ဘလွန်းဒီအော်ဆုကို ဂုဏ်ယူဖွယ်ရာ ဆွတ်ခူးရရှိခဲ့တာပါ။
ဒီလိုမျိုး ဘန်ဇီမာ ဘလွန်းဒီအော်ဆွတ်ခူးခဲ့တာနဲ့ ပတ်သက်လို့ မက်ဆီက The Race Towards Eternity ဆိုတဲ့ မှတ်တမ်းရုပ်ရှင်မှာ သူ့ရဲ့ သဘောထားကို ဖွင့်ဟခဲ့ပါတယ်။ မက်ဆီက “ဘန်ဇီမာက ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးရာသီအတွက်၊ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးအတွက် ဒီလိုမျိုး ဘလွန်းဒီအော်ဆုကို ဆွတ်ခူးဖို့ တကယ် ထိုက်တန်ပါတယ်”
“သူက အံ့အားသင့်ဖွယ် ကစားသမားဖြစ်ပြီး ဒီဆုက သူ့အတွက်ရော၊ ဘောလုံးလောကအတွက်ပါ အရေးကြီးပါတယ်” လို့ ပြောကြားထားခဲ့ပါတယ်။ မက်ဆီဟာ ဒီနှစ်မှာတော့ ဘလွန်းဒီအော်ဆုကို တစ်ကျော့ပြန်ရယူနိုင်ဖို့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့အပြိုင် ရေပန်းစားလျက်ရှိပါတယ်။

Share

Loading Next Article...
က္က