အမှတ်ပေးဖလားရယူဖို့ တွန်းအားပေးခဲ့တာပါ။

လီဗာပူးလ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ရမှတ် ၉ရမှတ်အထိ ရရှိခဲ့ပေမယ့်လည်း မန်စီးတီးထက် တစ်မှတ်လျော့နည်းခဲ့ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။


လီဗာပူးလ်အသင်းတိုက်စစ်မှူးဆာဒီယိုမာနေးက ပြီးခဲ့တဲ့ရာသီမှာ ပြုလုပ်မိခဲ့တဲ့ အမှားအယွင်းမျိုးကို မကျူးလွန်ဖို့အတွက် အသင်းဖော်တွေကို သတိပေးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အမှတ်ပေးဖလားကို ရယူနိုင်ဖို့ အခြေအနေကောင်းပိုင်ဆိုင်ထားချိန်မှာ ပြီးခဲ့တဲ့ရာသီကလို အမှားနဲ့ ကြုံတွေ့ရမှာကို မာနေးက စိုးရိမ်နေတာလည်းဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ရမှတ် ၉ရမှတ်အထိ ရရှိခဲ့ပေမယ့်လည်း မန်စီးတီးထက် တစ်မှတ်လျော့နည်းခဲ့ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အမှတ်ပေးဇယားကို တောက်လျှောက်ဦးဆောင်လာခဲ့ပြီးနောက် သရေပွဲတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရကာ သူတို့ရဲ့ အမှားကို မန်စီးတီးက အခွင့်အရေးရယူခဲ့ပြီး အမှတ်ပေးဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။ 

ဒီရာသီမှာတော့ လီဗာပူးလ်က ၁၈ ပွဲကစားအပြီးမှာ ရမှတ် ၂မှတ်သာ လျော့နည်းထားပြီး စုစုပေါင်း ၅၂မှတ်ရယူခဲ့ကာ အမှတ်ပေးဇယားကို ၁၃ မှတ်ဖြတ်ဦးဆောင်နေပါတယ်။ လီဗာပူးလ်အတွက် လိဂ်ဂိုး ၉ ဂိုး သွင်းယူပေးထားတဲ့ မာနေးက အမှတ်ပေးဖလားရယူနိုင်ဖို့အတွက် ပိုမိုဂရုစိုက်ဖို့ အသင်းဖော်တွေကို အခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။ 

"အမှတ်ပေးဖလားကို ဆုံးရှုံးရတဲ့ ခံစားချက်က တော်တော်လေးနာကျင်ရပါတယ်၊ ဒီအတွက် ကျွန်တော်တို့ တူညီတဲ့ပန်းတိုင်ကို ရောက်ဖို့ အမြဲတမ်းအာရုံစိုက်ရမှာပါ၊ တစ်စုံတစ်ရာကို ရယူနိုင်ဖို့ ကျွန်တော်တို့ ဆန္ဒရှိနေပါတယ်၊ ပြီးခဲ့တဲ့နှစ် အမှားတွေကို ကျွန်တော်တို့ သင်ယူရမှာ ဖြစ်ပြီး အဲဒီအချိန်တုန်းက ကျွန်တော်တို့အတွက် တော်တော်လေးခက်ခဲခဲ့ပါတယ်၊ အဲဒီကနေလည်း အများကြီးသင်ယူနိုင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ မာနေးက Telegraph နဲ့ တွေ့ဆုံမှာ ပြောဆိုခဲ့ပါတယ်။ 


လီဗာပူးလ်ကတော့ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးထားနိုင်ခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားတို့ကို ရယူထားပြီးဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ၁၈ပွဲ ကစားအပြီးမှာလည်း ၁၇ ပွဲအထိ အနိုင်ရကာ ပုံစံကောင်းပြသနေတဲ့ အသင်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က