အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်ကျနိုင်တဲ့ ပြစ်မှုဖြင့် စွဲချက်တင်ထားပါတယ်။

မနက်စာထဲမှာ ဆံပင်တစ်ပင်တွေ့ရပြီးနောက် ဇနီးဖြစ်သူကို အတင်းအကျပ် ခေါင်းရိတ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၈ ရက်မှာ ပြောပါတယ်။

(မွန်ဒဲလ်ကို ဖမ်းဆီးထားစဉ်) (Photo: BanglaTribune)

ရဲတပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ် အနောက်မြောက်ပိုင်း Joypurhat ရှိ ကျေးရွာတစ်ရွာသို့သွားရောက်ပြီး အသက် ၃၅ နှစ်အရွယ် ဘက်ဗ်လူမွန်ဒဲလ် အမည်ရှိ အမျိုးသားကို ဖမ်းဆီးခဲ့ပါတယ်။ ထိုကျေးရွာမှာ နေထိုင်ကြသူတွေက မွန်ဒဲလ်ရဲ့လုပ်ရပ်ကို ရဲအရာရှိများထံ ပြောကြားခဲ့ကြပြီးနောက် ရဲတပ်ဖွဲ့က ၎င်းကို သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။



"သူ့ဇနီးက သူ့အတွက် ပြင်ပေးထားတဲ့ ထမင်းနဲ့နွားနို့ မနက်စာထဲမှာ လူ့ဆံပင်တစ်ချောင်းတွေ့ပြီးတော့ သူက ဒေါသတကြီးနဲ့ ဇနီးကို ပြစ်တင်ကြိမ်းမောင်းခဲ့တယ်၊ အဲဒီနောက် ဘလိတ်ဓားတစ်ချောင်းယူပြီး သူ့ဇနီးရဲ့ဆံပင်တွေကို ရိတ်ပစ်ခဲ့တယ်" လို့ ဒေသဆိုင်ရာ ရဲအရာရှိ Shahriar Khan က AFP သတင်းဌာနကို ပြောပါတယ်။

(ဘင်္ဂလားဒေ့ရှ်မှာ အမျိုးသမီးများ ဆန္ဒပြမှု) (Photo: NurPhoto via Getty Images)

ဇနီးဖြစ်သူကို အတင်းအကျပ် ဆံပင်ရိတ်ခဲ့တဲ့ မွန်ဒဲလ်အား ဘင်္ဂလားဒေ့ရှ်မှာ အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်တဲ့ အပြင်းအထန် နာကျင်စေမှုဖြင့် စွဲချက်တင်ထားပါတယ်။ ဒါ့အပြင် ၎င်းရဲ့ အသက် ၂၃ နှစ်အရွယ် ဇနီးဖြစ်သူ ကာအိနြေ္ဒပျက်စီးစေမှုအတွက်လည်း စွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။

ယခုဖြစ်ရပ်ဟာ ဘင်္ဂလားဒေ့ရှ်မှာ အမျိုးသမီးတွေကို နှိပ်စက်မှုနဲ့ လိင်ပိုင်းစော်ကားတိုက်ခိုက်မှုတွေမှ ကာကွယ်ပေးရန် ဥပဒေများရှိနေပေမဲ့ ၎င်းတို့ဟာ ဖိနှိပ်ခံရမှုတွေ တိုးမြင့်နေကြောင်း သိသာထင်ရှားစေတယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

(အမျိုးသမီးများ အကြမ်းဖက်ခံရမှုကို ဆန္ဒပြစဉ်) (Photo: NurPhoto via Getty Images)

ဒေသခံ လူ့အခွင့်အရေးအုပ်စု Ain o Salish Kendra ရဲ့ အဆိုအရ ဘင်္ဂလားဒေ့ရှ်မှာ ယခုနှစ် ပထမ ခြောက်လအတွင်း ပျမ်းမျှအားဖြင့် တစ်ရက်လျှင် မုဒိမ်းမှုသုံးမှု ရှိခဲ့ကြောင်းသိရပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ယခုနှစ် ဇွန်နဝါရီလမှ ဇွန်လအထိ အမျိုးသမီး ၆၃၀ အဓ္ဓမပြုကျင့်ခံခဲ့ရပြီး ၎င်းတို့အနက် ၃၇ ဦးဟာ အဓ္ဓမပြုကျင့်မှုအပြီး အသတ်ခံခဲ့ရပါတယ်။

အခြား အမျိုးသမီး ခုနစ်ဦးကတော့ အဓ္ဓမပြုကျင့်ခံရပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်လို့ ဆိုပါတယ်။ ထိုကာလအတွင်း ဘင်္ဂလားဒေ့ရှ်မှာ အမျိုးသမီးတွေကို အဓ္ဓမပြုကျင့်ရန် ကြံစည်ကြိုးပမ်းမှု ၁၀၅ ကြိမ်ရှိခဲ့ကြောင်းလည်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမျိုးသမီးများကို အကြမ်းဖက်မှုတွေ မြင့်တက်နေခဲ့ကြောင်း လူ့အခွင့်အရေးအုပ်စုတွေကလည်း သတိပေးထားပါတယ်။

(မီးရှို့အသတ်ခံရသည့်ေ ကျာင်းသူ Nusrat Jahan Rafi) (Photo: Daily Mail)

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာတော့ ကျောင်းအုပ်ဆရာက သူမကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ တိုင်ကြားခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် Nusrat Jahan Rafi အမည်ရှိ ကျောင်းသူတစ်ဦးဟာ ထိုကျောင်းအုပ်ဆရာရဲ့ စေခိုင်းမှုဖြင့် အဆိုပါကျောင်းသူ မီးရှို့အသတ်ခံခဲ့ရပါတယ်။ ထိုဖြစ်ရပ်ကို ဘင်္ဂလားဒေ့ရှ်မှာ ဒေါသတကြီး တုံ့ပြနဆန္ဒပြမှုတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က