ခြေစွမ်းအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။

တနင်္ဂနွေနေ့ည ၁၀ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၆ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်းစစချင်းကတည်းက အိမ်ရှင်မန်စီးတီးအသင်းက ချယ်ဆီးအသင်းဘက်ကို ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး ၄ မိနစ်မှာ စတားလင်းက မန်ချက်စတာစီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။



၁၃ မိနစ်မှာ အဂူရိုက ပင်နယ်တီဧရိယာထိပ်ကနေ အပြင်းကန်သွင်းပြီး မန်ချက်စတာစီးတီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၁၉ မိနစ်မှာ အဂူရိုကပဲ မန်ချက်စတာစီးတီးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပြီး ၂၅ မိနစ်မှာ ဂန်ဒိုဂန်က စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ချယ်ဆီးအသင်းဟာ လူစားလဲလှယ်မှုတွေ ပြုလုပ်ပြီး တိုက်စစ်မြှင့်တင်ဖို့ ကြိုးစားခဲ့ပေမယ့် ၅၆ မိနစ်မှာ အဂူရိုက ၎င်းရဲ့ဟက်ထရစ်သွင်းဂိုးကို ပင်နယ်တီပြစ်ဒဏ်ဘောကနေတဆင့် သွင်းယူသွားခဲ့ပါတယ်။ မိနစ် ၈၀ မှာ ဇင်ချန်ကိုရဲ့ဖန်တီးပေးပို့မှုကနေတဆင့် စတားလင်းက အပိုင်ပိတ်သွင်းယူပြီး ဆဌမမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ယနေ့ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် လီဗာပူးအသင်းထက် ၁ ပွဲပို ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုုင်ခဲ့ပြီး ချယ်ဆီးအသင်းကတော့ အဆင့် ၆ နေရာမှာသာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က