အီတလီမှာ အခြေကျနေပြီလို့ ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကနေ ရိုးမားအသင်းကို အငှားနဲ့ သွားရောက်ကစားနေတဲ့ နောက်ခံကစာသမား ခရစ်စမောလင်းက မန်ချက်စတာယူနိုက်တက်ကို လွမ်းဆွတ်နေတယ်လို့ ဝန်ခံပြောကြားခဲ့ပေမယ့် အီတလီမှာ အခြေကျနေပြီလို့ ပြောကြားခဲ့ကြောင်း Mirror ရဲ့ဖော်ပြချက်အရ သိရပါတယ်။

စမောလင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ရိုးမားအသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယူနိုက်တက်က ဟယ်ရီမက်ဂွိုင်းယားကို ပေါင်သန်း ၈၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တာကြောင့် စမောလင်းကို မလိုအပ်တော့တာဖြစ်ပါတယ်။

စမောလင်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ရိုးမားအသင်းဆီကနေ အပြီးသတ်ခေါ်ယူဖို့ ကမ်းလှမ်းမှုမရရှိထားသေးပေမယ့် ရိုးမားအသင်းပွဲထွက်လူစာရင်းမှာ နေရာအခိုင်အမာရရှိထားသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို လွမ်းမိလားလို့ မေးမြန်းခဲ့တဲ့အခါမှာ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စမောလင်းက နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့နေရာဖြစ်တဲ့အတွက် လွမ်းဆွတ်မိကြောင်း Football Italia ကို အခုလို ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော် လွမ်းဆွတ်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲဒီမှာ နှစ်ပေါင်းများစွာရှိနေခဲ့ပြီး အဲဒီက ပရိဘောဂရဲ့အစိတ်အပိုင်းတစ်ခုလိုကို အသားကျနေခဲ့လို့ပါ”

“ဒါပေမယ့် ကျွန်တော့်ရဲ့အခန်းကဏ္ဍအသစ်ကို ပျော်ရွှင်နေပြီး ကွင်းထဲမှာ အကျိုးသက်ရောက်မှုရှိတဲ့စွမ်းဆောင်ရည်ကို ဆက်ပြီး ပြသနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ အောင်မြင်တဲ့ရာသီ ရရှိနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော် အီတလီမှာရှိနေရတာကို တကယ်ကို ပျော်ရွှင်နေပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

Share

က္က