နာပိုလီနောက်ခံကစားသမား ကူလီဘလီဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့နိုင်ခြေရှိတယ်လို့ ပြောဆိုမှုတွေရှိနေချိန်မှာ လက်ရှိအသင်းနဲ့ပဲ ဆုဖလားတွေရရှိအောင် အာရုံစိုက်သွားမယ်လို့ ပြောကြားခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ ကူလီဘလီနဲ့ ဒီကလန်ရိုက်စ်တို့ကို ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပြီး နည်းပြဆိုးလ်ရှား အသင်းမှာ ဆက်ရှိသည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ အရခေါ်ယူသွားမယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံးရာသီအစကို ရင်ဆိုင်နေရတာဖြစ်ပြီး လာမယ့်နှစ်မှာ ခေါ်ယူဖို့ ဖြစ်နိုင်ဖွယ်ပစ်မှတ်တွေအဖြစ် ကူလီဘလီနဲ့ ဒီကလန်ရိုက်စ်တို့ကို သတ်မှတ်ထားတာဖြစ်ပါတယ်။
လက်ရှိနိုင်ငံတကာအားလပ်ရက်မှာ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးဖို့ ဆီနီဂေါအသင်း လေ့ကျင့်ရေးကွင်းကို ရောက်ရှိနေတဲ့ ကူလီဘလီက အပြောင်းအရွှေ့ကောလာဟလတွေကို ပြောကြားဖို့ ငြင်းပယ်ခဲ့ပြီး နာပိုလီအသင်းနဲ့ အောင်မြင်မှုတွေ ရရှိဖို့ကိုပဲ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော့်အတွက်တော့ အသားကျနေပါပြီ။ နေ့တိုင်း ဇာတ်လမ်းတွေက တစ်နေ့တမျိုးမရိုးရဘူး။ ကျွန်တော် အသင်းကနေ ထွက်မယ်ဆိုတဲ့သတင်းတွေပေါ့။ အခုအချိန်မှာ ကျွန်တော့်ရဲ့ရည်မှန်းချက်ပန်းတိုင်က နာပိုလီနဲ့ ဆုဖလားတွေရရှိဖို့ပဲ။ ကျန်တာတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး”
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အီတလီမှာ အကောင်းဆုံးအသင်းကို ဆက်လက်အနိုင်ယူပြီး စကူဒက်တိုဖလားကို ရယူဖို့ပါ။ ဒီရာသီမှာ ပိုပြီးခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ အသင်းအားလုံးက ပိုပြီး တောင့်တင်းလာပြီး စီးရီးအေက ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်လာလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။