မှ မြန်မာကျပ်ငွေ ၅၇၃ သိန်းအထိ ချီးမြင့်ပေးသွားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ထိပ်တန်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Mytel ဟာ ၂၀၁၉ ခုနှစ်၊ ဆီးဂိမ်းပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ မြန်မာအားကစားသမားတွေကို ဆုချီးမြင့်တဲ့အခမ်းအနားတစ်ခုကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တုန်းက Park Royal ဟိုတယ်မှာ ကျင်းပသွားခဲ့ပါတယ်။


အဆိုပါ အခမ်းအနားမှာ အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲ အားကစားနည်းပေါင်း ၂၁ မျိုးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုအသီးသီးရရှိခဲ့ကြသူ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားတွေကို Mytel မှ မြန်မာကျပ်ငွေ ၅၇၃ သိန်းအထိ ချီးမြင့်ပေးသွားခဲ့ပါတယ်။


၂၀၁၉ ခုနှစ် ဆီးဂိမ်း ပြိုင်ပွဲမှာ မြန်မာနိုင်ငံကနေပြီး အမျိုးသား ဘောလုံး၊ အမျိုးသမီးဘောလုံး၊ ဘိလိယက်နှင့်စနူကာ၊ အားနစ်၊ လှေလှော် (ရိုးရာလှေ)၊ ကနူး/ကယက်၊ အပြည်ပြည်ဆိုင်ရာလှေ၊ မြှားပစ်၊ ဂျူဒို၊ ဝူရှူး၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ တိုက်ကွမ်ဒို၊ နပန်း၊ Kurash၊ စစ်တုရင်၊ ဟော်ကီ၊ ကရာတေး၊ ပီတန်း၊ ရွက်လှေ စတဲ့ အားကစားအမျိုးအစားပေါင်း ၂၁ ခု မှာ ရွှေတံဆိပ် ၄ဆု၊ ငွေတံဆိပ် ၁၈ဆုနှင့် ကြေးတံဆိပ် ၅၂ဆု စုစုပေါင်းရရှိခဲ့ပါတယ်။


Mytel အနေနဲ့ အခုလိုချီးမြှင့်ရခြင်းက နိုင်ငံ့ကိုယ်စား သွားရောက်ယှဉ်ပြိုင်ပေးတဲ့သူတွေနဲ့ ဆုတံဆိပ်တွေ ပြန်လည်ယူဆောင်လာပေးနိုင်တဲ့ သူတွေကို ကျေးဇူးတုံ့ပြန်ချင်လို့ဖြစ်ကြောင်း Mytel ရဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တာက မျိုးချစ်စိတ်ပြင်းပြမှုကို ပြသခြင်းဖြစ်တယ်လို့ Mytel အနေနဲ့ ယုံကြည်ကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။


အားကစားသမားတိုင်းကို ဆက်လက်ကြိုးစားသွားကြဖို့လည်း Mytel က တိုက်တွန်းအားပေးခဲ့ပြီး နောက်နှစ်တွေမှာ အခုလို ရှေ့ဆက်ကြိုးစားမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ အောင်မြင်မှုတွေပိုရရှိပြီး ဆုတံဆိပ်တွေပိုရလာမှာဖြစ်တယ်လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။


Mytel ဟာဆိုရင် လူထုအကျိုးပြုလုပ်ငန်းတွေထဲက ပညာရေးကဏ္ဍကို အထောက်အပံ့ပေးနိုင်ဖို့ မြန်မာနိုင်ငံရှိကျောင်းပေါင်း ၂၅၈ ကျောင်းမှာ အင်တာနက် အခမဲ့တပ်ဆင်ပေးပြီး ICT ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ လက်တလောမှာလည်း ရန်ကင်းကလေးဆေးရုံမှာ မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးငယ် (၁၂) ဦးအတွက် အလွန်မွန်မြတ်တဲ့ လှူဒါန်းမှုတစ်ခုဖြစ်တဲ့ Empower My Children ပွဲကြီးကိုလဲ ကျင်းပထားပါသေးတယ်။


Mytel အနေနဲ့ အစိုးရ ဌာနဆိုင်ရာများ နဲ့ အခြားသောအဖွဲ့အစည်း ၁၆၉ ခု ၊ ဘာသာရေးဆိုင်ရာနေရာပေါင်း ၁၂ ခု နဲ့ ဆေးရုံ ၁ ရုံ တွေမှာ အခမဲ့အင်တာနက်ဝန်ဆောင်မှုတွေကို တပ်ဆင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အစိုးရဌာနရုံး ၆ ရုံး မှာလည်း Video Conferencing စနစ်ကို ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်း ၄၄၆ နေရာမှာ အခမဲ့လှူဒါန်းထားပြီးဖြစ်ပါတယ်။


ဆက်လက်ပြီးတော့လည်း အခမဲ့ဝန်ဆောင်မှုတွေကို အခြားဘာသာရေးဆိုင်ရာ ကဏ္ဍတွေဖြစ်တဲ့ ဘုရား၊ ဗုဒ္ဓဘာသာ တက္ကသိုလ်များနဲ့ ဘုန်းကြီးကျောင်းတွေ၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွေဖြစ်တဲ့ ပုဂ္ဂလိကနဲ့ အထွေထွေဆေးရုံတွေ၊ အစိုးရဆိုင်ရာကဏ္ဍတွေမှာ Video Conferencing စနစ်နဲ့ အင်တာနက်ဝန်ဆောင်မှု များကို Mytel က လုပ်ဆောင်ပေးသွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။  


Mytel အနေနဲ့ လူထုအကျိုးပြုကဏ္ဍတွေမှာသာမက မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်နိုင်ငံအဖြစ် ဖော်ဆောင်ပြောင်းလဲသွားနိုင်ဖို့ ဝန်ဆောင်မှုပိုင်းနဲ့ နည်းပညာပိုင်းတွေမှာလည်း အဆင့်မြှင့်တင်မှုတွေ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။

(ဒီသတင်းကို Mytel မှပံ့ပိုးကူညီထားပါတယ်)

Share

Loading Next Article...
က္က