နောက်ထပ် ယဉ်ကျေးမှုတွေကိုလည်း ဆက်လက်ဖော်ထုတ်သွားမယ်လို့ဆိုပါတယ်။

မိုးစက်ဝိုင်ဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပထမဦးဆုံးသော ကမ္ဘာ့အသိအမှတ်ပြု ယဉ်ကျေးမှုလက်ရာတွေ ထွန်းကားလျှက်ရှိတဲ့ ပျူမြို့ဟောင်းကြီးအတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။



Photo: Moe Sett Wine



မိုးစက်ဝိုင်ကတော့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ထွန်းကားရာနေရာ ပျူမြို့ဟောင်းကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။ ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းဝင်ခဲ့တဲ့ ပျူမြို့ဟောင်းကြီးအတွက်လည်း ဂုဏ်ယူနေတယ်လို့ ဆိုပါတယ်။

‘’နိုင်ငံတစ်နိုင်ငံယဉ်ကျေးမူအမွေနစ်တွေရှိဖို့ ဆိုတာ နှစ်ပေါင်းများစွာထွန်းကားခဲ့တဲ့ မြို့ပြလူနေမူအဆင့်တန်းတခုရှိဖို့ လိုပါတယ်။ ပျူခေတ်ရဲ့ မြို့၃ မြို့ကတော့ ကမ္ဘာ့အမွေနစ်စာရင်းဝင်ထားတာဒီနှစ်ဆို ၅ နှစ်ပြည့်ပါပြီ။ ဒီ၅ နှစ် မှာ ဒီဒေသခံတွေရဲ့ ဘဝတိုးတက်ရေးတို့အတွက် , ယဉ်ကျေးမူထိန်းသိန်းစောငိ့ရှောက်ရေး အဖွဲ့ ဥက္ကဠ အန်တီစန္ဒာခင်ဦးဆောင်ပြီး ကျောင်းဆောက်၊ ဆေးရုံကားလှူ၊ တံတားဆောက်လို့ ရအောင်ကြိုးပန်းခဲ့ကြပါတယ်’’ ဆိုပြီးတော့ ဇွန်လ ၂၄ ရက်နေ့ မနက် ၈ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။



Photo: Moe Sett Wine

အဲဒီနောက် မြန်မာနိုင်ငံအတွင်းမှာ ကမ္ဘာ့အသိအမှတ်ပြုနိုင်မယ့် ယဉ်ကျေးမှုအမွေအနှစ်တွေကို လူငယ်တစ်ယောက်ပီပီ ဆက်လက် ဖော်ထုတ်ပေးသွားဦးမယ်လို့လည်း မိုးဆက်ဝိုင်က ပြောပါတယ်။



‘’ကျွန်မတို့ နိုင်ငံကမပြည့်စုံပါဘူး။ ဒါပေမဲ့ ယဉ်ကျေးမူအမွေနှစ်တွေတော့ အများကြီးပါ။ ဆက်လက် တူးဖော် လေ့လာရမှာတွေလည်း ရှိပါသေးတယ်။ ဒါဟာကျွန်မတို့ မျိုးဆက်သစ်လူငယ်တွေ ဆက်လက်လူပ်ရှား သွားဖို့ လိုအပ်ပါတယ်။ ဒီနေ့ ယဉ်ကျေးမူအမွေနှစ်ထိန်းသိန်းစောင့်ရှောက်ရေးကစီ စဉ်ပေးထားတဲ့ ဂျပန်မိသားစုရဲ့ သိန်း၅၀၀ ကျပ်တန်ဖိုးရှိတဲ့ စာသင်ကျောင်း၊ စက်ရေတွင်းနဲ့ စာရေးကိရိယာ ပရိဘောဂများကို လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားလေးပဲဖြစ်ပါတယ်။ ဒါကြောင့် ... UNESCO မှတ်တမ်းဝင်ထားတဲ့ အတွက် အား လုံးပါဝင် ဂုဏ်ယူဝမ်းမြောက်ပေးကြပါဦးရှင်’’ ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။



Photo: Moe Sett Wine

UNESCO ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး ကော်မတီ မှာ ပထမဆုံးအကြိမ် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ၂၀၁၄ ခုနှစ်မှာ ‘’ပျူ’’ရှေးမြို့ဟောင်းကြီးကို အရှေ့တောင်အာရှဒေသကြီးအတွင်း ရှေးအခါက ဗုဒ္ဓအခြေပြု နိုင်ငံတော်ကြီးအဖြစ် စတင်တည်ထောင်နိုင်ခဲ့ခြင်းအတွက် အရေးပါသော မြို့ပြများအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

မိုးစက်ဝိုင်ဟာ သရုပ်ဆောင် လုပ်ငန်းတွေ မလုပ်ဆောင်မီ အချိန်ကတည်းက ပရဟိတအလုပ်ကို လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ Myanmar Heart's Charity အဖွဲ့နဲ့အတူ ပရဟိတအလုပ်တွေ များစွာ လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ မိုးစက်ဝိုင်ကတော့ ၂၀၁၃ခုနှစ် Miss Universe Myanmar ရဲ့ အလှမယ် တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က