ပရိသတ်တွေရဲ့ အချစ်တော် ဒါရိုက်တာ ခရစ္စတီးနားခီက မြန်မာအကတွေကို နှစ်သက်ခုံမင်သူ တစ်ယောက်ပါ။ သူမဟာ အနုပညာနဲ့ပတ်သက်လာရင်လည်း ထူးချွန်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။
Photo: Christina Kyi
ခရစ္စတီးနားခီဟာ အနုပညာအလုပ်နဲ့ ပတ်သက်လာရင် ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ဒါရိုက်တာ တစ်ယောက်မဖြစ်ခင်က မြန်မာအကကိုလည်း ကိုယ်တိုင်ကပြဖျော်ဖြေခဲ့ဖူးသူပါတဲ့။
‘’အသွေးထဲအသားထဲက ရူးသွပ်မိသော အနုပညာတစ်ခု’’ ဆိုပြီးတော့ ခရစ္စတီးနားခီရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မတ်လ ၃၀ ရက်နေ့ ည ၉ နာရီကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မြန်မာအက ကို ဇာတ်သဘင်ပေါ်မှာ၊ ပြဇာတ်အတွင်းမှာ ကခဲ့ဖူးတဲ့ အမှတ်တရ ဓာတ်ပုံတွေ တင်ရင်း ကြည်နူးပီတိ ဖြစ်လို့နေပါတယ်။
Photo: Christina Kyi
ဒါရိုက်တာခရစ္စတီးနားခီကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းက ရုံတင်ပြသခဲ့တဲ့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ အဲဒီနောက် ‘’မုဒြာရဲ့ ခေါ်သံ’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသပြီးတဲ့ အချိန်မှာတော့ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ သူမဟာ အမေရိကန်နိုင်ငံ New York မှာရှိတဲ့ အနုပညာကျောင်းမှာ ပညာလေ့လာဆည်းပူးခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။
Photo: Christina Kyi
လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဇဏ်ခီ နဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ ခရစ္စတီးနားခီ ကိုယ်တိုင် ရိုက်ကူးထားတဲ့ ‘ဥပါယ်တံမျဉ်’’ရုပ်ရှင်ဇာတ်ကားကြီးဟာ ဧပြီလ အတွင်း မှာ ကျင်းပပြုလုပ်မယ့် Star Awards ဆုပေးပွဲမှာလည်း ဆန်ခါတင် စာရင်းဝင် ဇာတ်ကားအဖြစ် ပါဝင်လာတာကို တွေ့ရပါတယ်။ သူမက အခုဆိုရင်လည်း ''ထာဝရနှောင်ကြိုး'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သရုပ်ဆောင် ဇဏ်ခီ၊ ပိုင်ဖြိုးသု၊ ခင်သဇင်၊ မြင်စိုင်းသား မြင့်အောင် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။