လေယာဉ်ထွက်ခွာချိန် ၁ နာရီ နောက်ကျခဲ့ရပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း မန္တလေး-ဟုမ္မလင်းခရီးစဉ်မှာ ခရီးသည်တစ်ဦး လေယာဉ်အရေးပေါ်ထွက်ပေါက် မှားဖွင့်မိတဲ့အတွက် လေယာဉ်ထွက်ခွာချိန် ၁ နာရီ နောက်ကျခဲ့တယ်လို့ အဆိုပါ လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပါတယ်။


Photo -MNA



ဇန်နဝါရီ ၁ရက်နေ့ ခရီးစဉ်အမှတ် UB 665 မန္တလေး-ဟုမ္မလင်းခရီးစဉ်၊ လေယာဉ်အမှတ် XYAMJ, ATR72-600 မှာ ပါလာတဲ့ ခရီးသည်က Emergency အရေးပေါ်ထွက်ပေါက်မှာ ဆွဲပါလို့ ရေးထားတာကို ဆွဲလိုက်ကြောင်းသိရပါတယ်။

Photo- MNA

လေယာဉ်အရေးပေါ်ထွက်ပေါက် မှားဖွင့်ခဲ့တဲ့အတွက် ပြန်လည်ပြင်ဆင်ခဲ့ရပြီး ထွက်ခွာချိန် ၁ နာရီနောက်ကျခဲ့ရတယ်လို့ လေကြောင်းလိုင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောက်နောင်မှာ အရေးပေါ်ထွက်ပေါက်မှာ ခရီးသည်နေရာချပေးမှုကို လေကြောင်းလိုင်းစည်းမျဉ်းစည်းကမ်းနဲ့ အညီ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးစုံစမ်းစစ်ဆေးတာတွေကို ပြုလုပ်နေပြီး အရေးယူဆောင်ရွက်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က