တရုတ်ဈေးကွက်မှာ စတင်ရောင်းချသွားမှာပါ

တန်ဖိုးနည်း ဖုန်းဈေးကွက်အတွက် ZTE ရဲ့ ထုတ်ကုန်သစ်အဖြစ် ဝင်ရောက်လာတာကတော့ Blade A7 ပဲ ဖြစ်ပါတယ်။

       Photo: Tabletowo


         ZTE Blade A7 ဟာ ultra-cheap စမတ်ဖုန်းတစ်လုံး ဖြစ်ပြီး ခေတ်ပေါ် စမတ်ဖုန်းတစ်လုံးရဲ့ ဒီဇိုင်းကို သုံးထားပါတယ်။ ရှေ့ကင်မရာနေရာပဲ ကွက်ချန်ထားတဲ့ waterdrop notch သုံးထားပြီး fingerprint scanner မပါတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ဖုန်း လုံခြုံရေးအတွက်တော့ Face Unlock နဲ့ရိုးရိုး pin/pattern တွေပဲ သုံးနိုင်မှာပါ။



         မျက်နှာပြင်အရွယ်အစား ၆.၁ လက်မရှိပြီး အပေါ်အောက် နဲ့ဘေးဘောင်သားတွေ နည်းနည်း ထူတာကလွဲရင် ဘက်ဂျက်ဖုန်းတစ်လုံးအတွက် ကြည့်လို့ကောင်းတဲ့ ဒီဇိုင်း သုံးထားတယ်လို့ဆိုနိုင်ပါတယ်။ display ရုပ်ထွက်အနေနဲ့1560 x 720p နဲ့လာပြီး MediaTek P60 octa-core processor ၊ RAM ဗားရှင်းနှစ်မျိုးနဲ့ထွက်ထားပါတယ်။

         dual SIM သုံး 4G ဖုန်းတစ်လုံး ဖြစ်တဲ့ ZTE Blade A7 ဟာ ကင်မရာအနေနဲ့ရှေ့ဘက် 5MP ကင်မရာနဲ့AI မြင်ကွင်းသိစနစ်များ ပါဝင်တဲ့ 16MP ကျောဘက်ကင်မရာတစ်လုံး သုံးထားပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာ Android 9 Pie ကို အခြေခံထားတဲ့ MiFavor 9.0 UI နဲ့လာပြီး ဘက်ထရီကတော့ 3200 mAh ဘက်ထရီ ဖြစ်ပါတယ်။

         တရုတ်ဈေးကွက်မှာ ဒီဖုန်းကို Night Black နဲ့Sea Blue ကာလာ ၂ ရောင်နဲ့ထွက်ထားပြီး အနိမ့်မော်ဒယ်ဖြစ်တဲ့ RAM 2GB/ 32GB storage ကို ၅၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၃ သောင်းခွဲခန့်) နဲ့RAM 3GB / 64GB storage ကို ၆၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၅ သောင်းခွဲကျော်) ဈေးတွေနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က