အထူးပရိုမိုးရှင်းတွေလည်း ပေးထားပါတယ်။

ဘက်ထရီပါဝါအားကောင်းပြီး ဈေးနှုန်းသင့်တင့်တဲ့ Honor 8C ကတော့ ဈေးကွက်ထဲ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

Photo: Honor




         Honor Myanmar showroom တစ်နှစ်ပြည့်ခြင်းနဲ့တရုတ်နှစ်သစ်ကူးပွဲ အထိမ်းအမှတ်အနေနဲ့Honor 8C အတွက် အထူးပရိုမိုးရှင်းတွေနဲ့ပါ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့က ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်သွားခဲ့တဲ့ Honor 8C ဟာ မျက်နှာပြင် ၆.၂၆ လက်မ ရှိပြီး 19:9 screen ဒီဇိုင်းကြောင့် ကိုယ်ထည် သေးသွယ်ရှည်လျားတဲ့ ဖုန်းတစ်လုံးအဖြစ် ဝင်ရောက်လာခဲ့တာပါ။

         notch ဒီဇိုင်းကြောင့် မှန်ပြင်နေရာယူမှုပိုင်းမှာ ၈၇% နီးပါး (၈၆.၆%) ရှိလာတဲ့ FullView screen သုံးထားတဲ့ Honor 8C ဟာ mid-range ဖုန်းတစ်လုံးနဲ့လိုက်ဖက်တဲ့ Snapdragon 632 Processor ကို သုံးထားပြီး RAM 4GB/64GB storage ပါရှိပါတယ်။ Honor 8C ဟာ dual SIM သုံးနိုင်ပြီး storage ကို 256GB အထိ ထပ်တိုးနိုင်တဲ့ microSD slot ပါဝင်တာကြောင့်လည်း ဖုန်း သိုလှောင်မှုပိုင်းမှာ စိတ်ကြိုက်တွေ့ရမယ့် ဖုန်းလို့ဆိုနိုင်ပါတယ်။

         Honor 8C ဟာ AI စွမ်းရည်သုံးနိုင်တဲ့ dual lens (13MP+2MP) စနစ် ၊ ဆယ်လ်ဖီဆွဲရာမှာ အရောင်ကို ချိန်ညှိပေးမယ့် soft flash နဲ့AR emoji တွေ ဖန်တီးနိုင်မယ့် 8MP selfieကင်မရာတို့ပါဝင်ပါတယ်။ OS ပိုင်းမှာ EMUI 8.2 Smart UI စနစ်နဲ့လာတဲ့ Honor 8C ဟာ ဘက်ထရီကောင်းတဲ့ ဖုန်းတစ်လုံးအဖြစ် ပွဲထုတ်လာတာ ဖြစ်ပါတယ်။

         မျက်နှာပြင် ၆.၂၆ လက်မနဲ့လိုက်ဖက်အောင် သုံးထားတဲ့ 4000 mAh ဘက်ထရီဟာ AI smart ဘက်ထရီစနစ်ကြောင့် ဘက်ထရီသုံးစွဲမှုကို လိုသလို ချိန်ညှိပေးနိုင်တာကြောင့် တစ်ကြိမ်အားသွင်းတာနဲ့နှစ်ရက်အထိ အသုံးခံမယ်လို့Honor က ကြေငြာထားပါတယ်။

         "Honor 8C ဟာ ဈေးသက်သာတဲ့ ဖုန်းတစ်လုံး ဖြစ်ရုံသာမက Honor ရဲ့ အချိန်အကြာဆုံး အသုံးပြုနိုင်တဲ့ စမတ်ဖုန်းလည်းဖြစ်ပြီး ကိုုယ်နှစ်သက်တဲ့အရာတွေအတွက် စမတ်ဖုုန်းကိုု ပိုုပြီး အချိန်ကြာကြာ အသုံုးပြု ခံစားစေနိုင်မှာပဲဖြစ်ပါတယ်။ Honor 8C ကိုု အားတစ်ကြိမ်သွင်းရုံနဲ့ နှစ်ရက်ဆက်တိုက် အသုံုးပြုနိုုင်မှာဖြစ်လိုု့ ဂိမ်းကစားတာပဲဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုုတ် သင့်သူငယ်ချင်း မိတ်ဆွေတွေနဲ့ အချိန်ပြည့် ဆက်သွယ်တာပဲဖြစ်ဖြစ် အားလုံးကို အဆင်ပြေစေမှာပါ။" လို့Honor Myanmar ရဲ့ ဥက္ကဌ Mr.Bai Jing က မိတ်ဆက်ထားပါတယ်။

         ပြည်တွင်းဈေးကွက်မှာ Honor 8C ကို Midnight Black၊ Aurora Blue ၊ Platinum Gold ကာလာ ၃ မျိုးနဲ့မိတ်ဆက်ထားပြီး အပြာရောင်မော်ဒယ်မှာ cat's eye effect လို့ခေါ်တဲ့ အကွက်ဖော်ထားတဲ့ ကျောက်မျက်ရတနာတစ်ခုလို မြင်စေရမယ့် ဒီဇိုင်းဆန်းပါရှိပါတယ်။

Photo: Honor

         Honor 8Cကို ပြည်တွင်းမှာ ၂၆၉၀၀၀ ကျပ်နဲ့ရောင်းချပြီး အထူးပရိုမိုးရှင်းများအဖြစ် ဇန်နဝါရီ ၂၈ ရက်ကနေ ဖေဖော်ဝါရီ ၁၀ ရက်အတွင်း လသာလမ်း Honor Showroom မှာ လာရောက်ဝယ်ယူသူတိုင်းကို ကျပ် ၅ သောင်းတန် လက်ဆောင်ပစ္စည်းများနဲ့ကံစမ်းမဲများ မဲဖောက်ပေးသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က