5000 mAh ဘက်ထရီနဲ့လာပါတယ်

ဘက်ထရီပါဝါအကြီးစားနဲ့ဈေးအနည်းဆုံး ဖုန်းကိုင်ချင်တယ်ဆိုရင်တော့ Redmi 8A ကို ထည့်စဉ်းစားရတော့မှာပါ။


Redmi brand တွေထဲ entry-level ဖုန်းသစ်အဖြစ် ဝင်ရောက်လာတဲ့ Redmi 8A ဟာ သူ့အရင်ထွက်ထားတဲ့ Redmi 7A ကို နည်းနည်းလေး အဆင့်မြှင့်ထားတာပါ။ Redmi 8A ဟာ Aura Wave grip ဒီဇိုင်းသစ်နဲ့လာပြီး ဖုန်းကျောဘက်မှာ အလျားလိုက် texture မြှောင်းတစ်ခု ပါလာပါတယ်။ Aura Wave Grip ဒီဇိုင်းသစ်ဟာ လက်ထဲ ကိုင်လို့လွယ်ကူပေါ့ပါးစေတဲ့ ဒီဇိုင်းဖြစ်ပြီး လက်ဗွေအကွက်တွေ ပေကျံတာကို နည်းစေတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

Photo: Android Authority

မျက်နှာပြင် ၆.၂၂ လက်မ အရွယ် Redmi 8A ဟာ 19:9 ratio နဲ့လာပြီး resolution အနေနဲ့1520 x 720p HD+ ပါရှိပါတယ်။ ဘက်ဂျက်ဖုန်းဆိုပေမယ့် Corning Gorilla Glas 5 အုပ်ထားပြီး ခေတ်ပေါ် waterdrop notch သုံးထားပါတယ်။ fingerprint scanner မသုံးထားပေမယ့် 8MP selfie cam ကနေ မျက်နှာကို Face Unlock လုပ်နိုင်မှာပါ။

processor ကိုလည်း Snapdragon 439 chipset သုံးထားပြီး RAM အနေနဲ့2GB ၊ 3GB နှစ်မျိုး ထွက်ထားပါတယ်။ onboard ပါလာတဲ့ 32GB storage ကိုတော့ microSD card အကူအညီနဲ့သိုလှောင်မှု ထပ်တိုးနိုင်မှာပါ။ ကျောဘက်မှာ Sony IMX363 sensor သုံး 12MP ကင်မရာ တစ်လုံးတည်း ပါပေမယ့် အထင်သေးလို့မရပါဘူး။

Sony IMX363 12MP sensor ဟာ အမြင့်ဖုန်းတွေ ဖြစ်တဲ့ Google Pixel 3a ၊ Xiaomi Mi 8/ Mi Mix 3 တို့မှာ တွေ့ရတဲ့ ဖုန်းပါ။ ဒီကျောဘက် 12MP ကင်မရာရော ရှေ့8MP ကင်မရာနှစ်မျိုးစလုံးဟာ AI Portrait mode ရိုက်ချက်တွေ ရိုက်ကူးနိုင်မယ်လို့ဆိုပါတယ်။ Redmi 8A မှာ upgrade လုပ်သွားတာက USB Type C နဲ့အားသွင်းနိုင်မယ့် 5000 mAh အကြီးစား ဘက်ထရီ သုံးသွားတာပါ။ 18W charging လည်း ရလို့အားသွင်းလို့လည်း မြန်ဆန်နေမှာပါ။

Photo: Android Authority

အရောင်ကိုတော့ အနက် ၊ အပြာနဲ့အနီ သုံးရောင်နဲ့ဝယ်နိုင်ပြီး တော်တန်ရုံ ရေစင်တာကို ကာကွယ်ပေးနိုင်မယ့် P2i rating ပေးထားတယ်လို့ဆိုပါတယ်။ ဒီဖုန်းကို အိန္ဒိယဈေးကွက်မှာ ၆၄၉၉ ရူပီး ( မြန်မာငွေ ၁ သိန်း ၄ သောင်းခန့်) နဲ့၆၉၉၉ ရူပီး ( မြန်မာငွေ ၁ သိန်းခွဲ) ဈေးတွေနဲ့ရောင်းချသွားမှာပါ။

Share

Loading Next Article...
က္က