Google ဟာ I/O Developer Conference နဲ့အတူ စမတ်အိမ်သုံး display ထုတ်ကုန်တစ်မျိုးကို မိတ်ဆက်ကြေညာသွားပါတယ်။
Google Nest Hub Max ဟာ အရင်နှစ်က မိတ်ဆက်ခဲ့တဲ့ Google Home Hub ထက် မျက်နှာပြင်အရွယ်အစား ပိုကြီးတဲ့ စမတ် display ထုတ်ကုန်ဖြစ်ပြီး screen size အနေနဲ့၁၀ လက်မထိ ရှိလာပါတယ်။ ရုပ်ထွက်အနေနဲ့1280 x 800 touch screen ပါပြီး Nest Cam ဆိုတဲ့ ကင်မရာသစ် ပါလာခဲ့ပါတယ်။
Photo: CNet
အိမ်သုံး indoor လုံခြုံရေးကင်မရာအဖြစ် လုပ်ဆောင်နိုင်ပြီး အိမ်ထဲက အခြေအနေကို ကိုယ့်ဖုန်းကနေ လှမ်းကြည့်နိုင်မှာ ဖြစ်ပါတယ်။ Nest Hub Max မှာ သုံးထားတဲ့ ကင်မရာဟာ ပိုင်ရှင်ရဲ့ မျက်နှာကို ဖတ်ရှုပြီး သတင်းအချက်အလက်တွေကို display မှာ ဖော်ပြပေးနိုင်မှာပါ။ နေ့ရက်အချိန် နာရီလို noti တွေကိုလည်း ပြနိုင်ပြီး နောက်ခံ background slideshow အတွက် ပိုင်ရှင်ရဲ့ ပုံတွေနဲ့ပြပေးနိုင်တဲ့ Face Match စနစ် ပါလာပါတယ်။
Nest Hub Max နဲ့အတူ ဗွီဒီယို call ခေါ်ဆိုမှုများလည်း လုပ်ဆောင်နိုင်ပြီး အိမ်ထဲက smart home ပစ္စည်းတွေကိုလည်း လှမ်းပြီး ထိန်းချုပ်နိုင်တာကြောင့် စမတ်မီးသီးတွေ ဖွင့်တာ ၊ အပူချိန် သာမိုမီတာ အလျှော့အတင်းလုပ်တာတွေ လုပ်ဆောင်နိုင်ပါတယ်။ Nest Hub Max ဟာ Google Home Hub လိုပဲ ပိုင်ရှင်ရဲ့အသံနဲ့ပုံတွေ ဖွင့်တာ ၊ YouTube ဗွီဒီယိုတွေ ဖွင့်တာတွေ လုပ်ဆောင်နိုင်သလို Live Show တွေပါ ကြည့်နိုင်ပါတယ်။
Photo: CNET
တကယ်လို့Nest Hub Max ကနေ သီချင်းဖွင့်တာ ၊ ရုပ်ရှင်ကြည့်တာကို ရပ်ချင်တယ်ဆိုရင် သုံးစွဲသူအနေနဲ့လက်ကို မြှောက်လိုက်ရုံပဲလို့ဆိုပါတယ်။ ၂၂၉ ဒေါ်လာတန် ဒီစမတ် display မှာ ၁၂၇ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 6.5MP ကင်မရာ သုံးထားပြီး ပြင်သစ် ၊ ကနေဒါ ၊ ဒိန်းမတ် ၊ ဂျာမဏီ ၊ အိန္ဒိယ ၊ အီတလီ ၊ ဂျပန် ၊ နယ်သာလန် ၊ နော်ဝေး ၊ စကာၤ့ပူ ၊ စပိန်နဲ့ဆွီဒင် ဈေးကွက်တို့မှာ ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။