Photo - UGMH
ဒီတိုက်ခိုက်မှုကို မတ်လ ၁၅ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး ဝဘ်ဆိုက်ဒ်ပေါင်း ၇၀ ကျော်ကို တိုက်ခိုက်ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ UGMH အဖွဲ့က ဆိုပါတယ်။ လတ်တလောမှာ တိုက်ခိုက်ခံထားရတဲ့ ဖက်က တုန့်ပြန်မှုတွေမရှိသေးပေမယ့် တုန့်ပြန်မှုရှိလာတဲ့ အထိတိုက်ခိုက်မယ်လို့လည်းဆိုပါတယ်။
"ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေမှန်ကို ကမ္ဘာကိုသိစေချင်တာပါ။ UN ကလဲ မျက်ကွယ်ပြုထားပြီးဘက်လိုက်တဲ့ကိစ္စတွေရှိတယ်ဆိုတာကိုလဲ သိစေချင်တာပါ။" လို့ ဟက်ကာ တစ်ဦး က Duwun ကိုပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Operation BD လို့ ကြေငြာပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဝဘ်ဆိုက်ဒ်ပေါင်း ၇၀ ကျော်ကို Defacement လုပ်ပြီး သတင်းစကားတွေပို့နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဖက်မှာတော့ ဟိုဖက်က တန်ပြန်လာတဲ့ အခါ အကာကွယ်ပိုင်းနဲ့ပါတ်သတ်လို့ကတော့ တတ်နိုင်သမျှ web developer တွေကို အသိပေးထားတယ်လို့လည်း ဆိုပါတယ်။