မြန်မာနိုင်ငံရှိ လူမျိုးနဲ့ဆိုင်တဲ့ အဓိကရုဏ်ဟာ ထိတ်လန့်စရာကောင်းပြီး Facebook ပေါ်မှ သတင်းအချက်အလက်အမှားနှင့် အမုန်းတရား တားဆီးရေးမှာ အလွန်နှောင့်နှေးခဲ့တယ်လို့Facebook က ထုတ်ပြန်ထားပါတယ်။
Photo: Apt Gadget
ပြီးခဲ့တဲ့ ဇွန်လကပဲ "ဖန်တီးရာ" အဖွဲ့အစည်းအပါအဝင် ပြည်တွင်းမှ အရပ်ဖက်လူ့အဖွဲ့အစည်း ၆ ခုဟာ ဗုဒ္ဓဘာသာဝင်နဲ့မွတ်စလင်များ အကြား အကြမ်းဖက်မှု လုပ်ဆောင်ကြဖို့သွေးထိုးကြတဲ့ လှုံ့ဆော်တဲ့ မက်ဆေ့ချ်များကို screenshot ရိုက်ပြီး Facebook ထံ အီးမေးလ်နဲ့ပေးပို့ခဲ့ပေမယ့် Facebook ဟာ ဒီဖြစ်ရပ်ကို အချိန်မီ ဟန့်တား အရေးယူနိုင်ခြင်း မရှိခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ Facebook ပေါ်က အမုန်းစကားနဲ့သတင်းတုများလို အကြောင်းအရာကို တိုင်ကြားမှုနှုန်း အလွန်နည်းပါးနေတယ်လို့ဆိုပါတယ်။ ဒီထဲမှာ Facebook ရဲ့ တိုင်စာ reporting tools များရဲ့ စိန်ခေါ်မှုများနဲ့တွေ့မြင်နေရတဲ့ fonts တွေနဲ့နည်းပညာအခက်အခဲတွေ အပြင် Facebook ရဲ့ policy တွေနဲ့အကျွမ်းတဝင် မရှိတာကလည်း အကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။
၂၀၁၈ ပထမ နှစ်ဝက်အတွင်း မြန်မာနိုင်ငံမှ ဖယ်ရှားခဲ့ပြီး အမုန်စကားတွေရဲ့ ၅၂% ကို Facebook ဟာ ကြိုတင် ထောက်လှမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကထက် ၁၃% ပိုမြင့်တက်လာခဲ့တယ်လို့လည်း Facebook မှ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကပဲ မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်မှုနဲ့ခြိမ်းခြောက်မှုများကို ညွှန်းဆိုနေတဲ့ ပို့စ်များကို ကြိုတင်ဖော်ထုတ်နိုင်တာပါ။
ပြီးခဲ့တဲ့ ဇွန်လအထိ Facebook ဟာ အကြောင်းအရာများ ပြန်လည် ဆန်းစစ်ဖို့မြန်မာစကား ကျွမ်းကျင်သူ ၆၀ ကျော် ရှိထားပြီး ၂၀၁၈ အကုန်ပိုင်းမှာတော့ အနည်းဆုံး လူ ၁၀၀ အထိ ရှိလာမယ်လို့ဆိုပါတယ်။ content review အတွက် ဘာသာစကားကျွမ်းကျင်သူ ခန့်အပ်ရုံနဲ့မလုံလောက်ဘဲ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် post တွေကို ဖော်ထုတ်ဖို့AI tools များလည်း အဆင့်မြှင့်တင်ထားတယ်လို့ကြေငြာထားပါတယ်။
Facebook ဟာ အမုန်းစကား တင်ကြိုကာကွယ်မှုအဖြစ် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများ ဖြစ်တဲ့ ဦးဝီရသူ ၊ ဦးသုစိတ္တ ၊ ဦးပါမောက္ခ တို့နှင့် မဘသနှင့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းတို့အဖွဲ့အစည်းမျာကိုလည်း Facebook ပလက်ဖောင်းပေါ်မှ ဖယ်ရှားထားပါတယ်။
Photo: Free Malaysia Today
Facebook ရဲ့ ထုတ်ပြန်ချက်အရ သတင်းမှားများကြောင့် အသက်ဆုံးရှုံးရလောက်တဲ့အထိ ဖြစ်နေတဲ့ နိုင်ငံစာရင်းမှာ သီရိလကာၤ ၊ အိန္ဒိယ ၊ ကင်မရွန်းနဲ့အလယ်ပိုင်း အာဖရိကနိုင်ငံများနဲ့အတူ မြန်မာနိုင်ငံလည်း ပါဝင်နေတယ်လို့ဆိုပါတယ်။