ဆုပေးပွဲအခမ်းအနား၊ဓါတ်ပုံကျေးရွာတို့ပါဝင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ မေ့လျော့ခံလူမှုရေးရာဘဝနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာတွေပါဝင်မယ့် ရန်ကုန်ဓါတ်ပုံပြပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ကနေ မတ်လ ၄ ရက်နေ့ထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

photo- Global newlight of myanmar



၂၀၁၈ ခုနှစ်မှာ အာရှရဲ့ အကြီးမားဆုံး ဓာတ်ပုံပြပွဲအနေနဲ့ ပါဝင်ခဲ့တဲ့ အဆိုပါဓာတ်ပုံပြပွဲရဲ့ ၂၀၁၉ ခုနှစ်မှာတော့ ဓာတ်ပုံမှတ်တမ်း ဇာတ်လမ်းတိုတွေ၊ လှုပ်ရှားမှုတွေနဲ့အတူ ဆုပေးပွဲအခမ်းအနား၊ ဓာတ်ပုံကျေးရွာတို့ ပါဝင်မှာဖြစ်ပါတယ်။

Goethe Villa၊ မဟာဗန္ဓုလပန်းခြံနဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနတို့မှာ ကျင်းပသွားမှာဖြစ်ပြီးတော့ ရာသီဥတုဖောက်ပြန်မှု၊ တရားမဝင် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုအပြင် လူသားမျိုးနွယ်ကို အလျင်အမြန် ခြိမ်းခြောက်နေတဲ့ အကြောင်းအရာတွေနဲ့ပတ်သတ်တဲ့ ဓာတ်ပုံမှတ်တမ်းပေါင်း ၂၀၀ ကျော်ကို ပြသသွားမယ်လို့ သိရပါတယ်။

ပြပွဲမှာရှိတဲ့ ဓာတ်ပုံတစ်ဝက်ကျော်မှာ လူနည်းစုတိုင်းရင်းသားတွေဖြစ်တဲ့ ကယား၊ ချင်းနဲ့ ရခိုင်ပြည်နယ်မှ လက်ရာတွေဖြစ်ပြီးတော့ ဓာတ်ပုံအမျိုးအစားကွဲပြားမှုကို ပိုမိုပြသဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံပြပွဲအပြင် အကောင်းဆုံး ဓါတ်ပုံဇာတ်လမ်းဆုကိုပါ ပေးအပ်သွားမှာဖြစ်ပြီး ယခင်နှစ်များက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် အဆိုပါ ဓာတ်ပုံဆုကို ပေးအပ်ခဲ့ဖူးတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က