စုစုပေါင်း ဆုကြေး ဒေါ်လာ ၅ သောင်းပေးသွားမှာပါ

တစ်နိုင်ငံလုံးက PUBG Mobile ကစားသမားတွေနဲ့အသင်းတွေကို ဖိတ်ခေါ်ထားတဲ့ ဆုကြေးအမြင့်ဆုံး eSports ပြိုင်ပွဲ ဖိုင်နယ်အဆင့်ပြိုင်ပွဲတစ်ရပ်ကို လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့ ရန်ကုန်မြို့Melia Hotel မှာ ကျင်းပသွားမယ်လို့ဆိုပါတယ်။

OPPO | PUBG Mobile Myanmar Championship နာမည်နဲ့ကျင်းပသွားမယ့် ဒီပြိုင်ပွဲမှာ PUBG Mobile ကုမ္ပဏီက ဦးစီးပြီး OPPO Myanmar က Title Sponsor နဲ့Telenor Myanmar က Main Sponsor အဖြစ် ပါဝင် ကူညီပံ့ပိုးထားတာ ဖြစ်ပါတယ်။ ဆုကြေးတွေအဖြစ် ပထမဆု အမေရိကန်ဒေါ်လာ ၁၅၀၀၀ ၊ ဒုတိယဆု ဒေါ်လာ ၈၀၀၀ ၊ တတိယဆု ဒေါ်လာ ၆၀၀၀ နဲ့စတုတ္ထဆုဒေါ်လာ ၃၀၀၀ သတ်မှတ်ထားပါတယ်။

Photo: PUBG MOBILE

ပြိုင်ပွဲမှာ အဆင့် ၅ ကနေ ၈ အထိ ရရှိသွားတဲ့ အသင်းတွေကိုတော့ တစ်သင်းကို ဒေါ်လာ ၁၀၀၀ စီနဲ့ အဆင့် ၉ ကနေ ၁၆ အထိ ရရှိတဲ့ အသင်းတွေကို တစ်သင်း ဒေါ်လာ ၅၀၀ စီ ပေးအပ်သွားမယ်လို့ဆိုပါတယ်။ ဒီဆုကြေးတွေအပြင် ကန်ဒေါ်လာ ၁၀၀၀၀ တန်ဖိုးရှိ လက်ဆောင်ပစ္စည်းတွေလည်း ပေးသွားမယ်လို့ထုတ်ပြန်ထားပါတယ်။

ဒီပြိုင်ပွဲအတွက် ပထမအဆင့် Online ဂိမ်းပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပထားပြီး ပထမအဆင့်ကနေ နောက်ဆုံးအနိုင်ရားတဲ့ အသင်း ၆၄ သင်းဟာ ပြိုင်ပွဲဒုတိယအဆင့်ကို တက်ရောက်နိုင်မှာပါ။ ဒုတိယအဆင့်မှာလည်း Online ပြိုင်ပွဲပုံစံ ( Erangel နှင့် Miramar , TPP Mode) ပုံစံနဲ့၄ ပွဲကစားရမယ်လို့ဆိုပါတယ်။

Photo: PUBG MOBILE


စက်တင်ဘာ ၂၉ ရက်နေ့မှာ ကျင်းပမယ့် ဖိုင်နယ်အဆင့်အတွက် ဒုတိယအဆင့် ၁၆ သင်းကနေ Offline ပြိုင်ပွဲပုံစံနဲ့၅ ပွဲ ကစားရမှာဖြစ်ပြီး ဖိုင်နယ်အဆင့် တက်လာတဲ့ အသင်းတိုင်းကို ဆုလက်ဆောင်တွေ ပေးသွားမှာပါ။ ဖိုင်နယ်အဆင့်မှာ ပထမနဲ့ဒုတိယဆုရထားတဲ့ အသင်း ၂ သင်းကို နောင်နှစ် Myanmar Championship ဖိုင်နယ်အဆင့်ကို တိုက်ရိုက်တက်ခွင့်ပေးသွားမယ်လို့လည်း ဆိုပါတယ်။

Share

Loading Next Article...
က္က