ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Facebook ဟာ သတင်းမှားများကြောင့် အသက်သေဆုံးနိုင်သည်အထိ ဆိုးရွားတဲ့ နိုင်ငံများကို အာရုံစိုက် ဆောင်ရွက်သွားမယ်လို့ကြေငြာထားပါတယ်။



myanmarfacebook-720x720.jpg

Photo: Digital Trends

 

မြန်မာနိုင်ငံဟာ သတင်းအချက်အလက်အမှားများ သုံးပြီး အကြမ်းဖက်မှုများ ဖြစ်ပွားနိုင်တဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေတာကြောင့် Facebook မှ ယင်းကိစ္စအတွက် မူဝါဒကို ပိုကောင်းအောင် ပြုလုပ်ခြင်း ၊ ဖြစ်လာနိုင်ခြေရှိတဲ့ အကြမ်းဖက်မှုနဲ့ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်လာနိုင်တဲ့ သတင်းမှားများ ဖယ်ရှားခြင်းကို ဆောင်ရွက်နေတယ်လို့ဆိပါတယ်။

Facebook ရဲ့ 'အမုန်းစကားများကို ခွင့်မပြုပါ' စည်းမျဉ်းမှာ ကြိုတင်ကာကွယ်မှုအဖြစ် ဦးဝီရသူ ၊ ဦးသုစိတ္တ ၊ ဦးပါမောက္ခ ၊ မဘသနှင့် ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း ကဲ့သို့အမုန်းစကားပြောဆိုသည့် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ဖယ်ရှားလိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။

ယင်းထုတ်ပြန်ချက်မှာပဲ ဒီပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို Facebook မှာ တည်ရှိခွင့် ပေးတော့မှာ မဟုတ်ခြင်းကြောင့် မည်သူမှ ထောက်ခံ ၊ အားပေး ၊ ချီးကျူးပြောဆိုခြင်းနှင့် ကိုယ်စားပြုခြင်းများ လုပ်နိုင်မှာ မဟုတ်ကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကပဲ မြန်မာ့ လူမှုကွန်ရက် သုံးစွဲသူများအကြား ပြင်းထန်တဲ့ အကြမ်းဖက်မှုနဲ့ခြိမ်းခြောက်မှုများကို ဖော်ပြနေတဲ့ post များကို Facebook ဟာ ကြိုတင်ဖော်ထုတ် ဖယ်ရှားခဲ့ပြီး အရပ်ဖက် လူ့အဖွဲ့အစည်းများထံ အသိပေး အကြောင်းကြားခဲ့တယ်လို့သြဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သို့သော်လည်း Facebook အနေနဲ့မြန်မာနိုင်ငံအတွင်း သတင်းတု တိုက်ဖျက်တားဆီးရေးမှာ အလွန်နှောင့်နှေးခဲ့တယ်လို့လည်း ဝန်ခံထားပါတယ်။

Photo: ABC News

 

Facebook ရဲ့ သတင်းမှားကြောင့် လူသေတဲ့အထိ အခြေအနေ ပြင်းထန်တဲ့ နိုင်ငံများ စာရင်းမှာ မြန်မာနိုင်ငံအပြင် သီရိလကာၤ ၊ အိန္ဒိယ ၊ ကင်မရွန်းနဲ့အလယ်ပိုင်း အာဖရိက နိုင်ငံများ ပါဝင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က