မြန်မာ့ရိုးရာလက်ဝှေ့ဟန်ပန်အတိုင်း လက်ခမောင်းခတ်စိန်ခေါ်မှုကိုလည်း ပြုလုပ်လေ့ရှိပါတယ်။

MMA ကိုယ်ခံပညာပေါင်းစုံဖိုက်တာ အောင်လအန်ဆန်က မြန်မာ့ကိုယ်ခံပညာကို ကမ္ဘာကပိုမိုသိရှိစေဖို့အတွက် မြန်မာ့သိုင်းပညာကို သင်ကြားဖို့စီစဉ်ထားတယ်လို့ Duwun Sports ကိုပြောပါတယ်။

မြန်မာ့ဂုဏ်ဆောင် MMA ဖိုက်တာ အောင်လအန်ဆန်က လာမယ့်ပြိုင်ပွဲတွေမှာ မြန်မာ့ကိုယ်ခံပညာကို ကမ္ဘာက ပိုမိုသိရှိစေဖို့အတွက် ပြင်ဆင်လေ့ကျင့်မှုတွေလုပ်ဖို့ စီစဉ်ထားပါတယ်။ အောင်လအန်ဆန်ဟာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိပြီးနောက်ပိုင်း မြန်မာ့ရိုးရာလက်ဝှေ့ပညာကိုသင်ကြားခဲ့ပြီး ပွဲစဉ်တိုင်းမှာလည်း မြန်မာ့ရိုးရာလက်ဝှေ့ဟန်ပန်အတိုင်း လက်ခမောင်းခတ်စိန်ခေါ်မှုကိုလည်း ပြုလုပ်လေ့ရှိပါတယ်။



“ကျွန်တော်လာမယ့်ပွဲတွေမှာအကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက် လေ့ကျင့်ပြင်ဆင်မှုတွေဆက်တိုက်လုပ်သွားမှာပါ။ မြန်မာ့ကိုယ်ခံပညာကိုလည်း သင်ဖို့ရှိပါတယ်။ ကျွန်တော် မြန်မာ့သိုင်းပညာကိုသင်ကြားဖို့အတွက် လည်းစီစဉ်ထားပါတယ်။”လို့ အောင်လက Duwun Sports ကိုပြောပါတယ်။ အောင်လအန်ဆန်ဟာ ၂၀၁၉ခုနှစ်အတွင်းမှာ လိုက်ဟဲဗီးဝိတ်ချန်ပီယံကာကွယ်ပွဲအဖြစ် အမေရိကန်ဖွား၊ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာနဲ့ အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။

ဘရန်ဒန်ဗီရာနဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံကာကွယ်ပွဲမတိုင်ခင်မှာ မြန်မာနိုင်ငံမှာ ပွဲတစ်ပွဲထိုးဖို့ရှိတယ်လို့လည်း အောင်လကပြောပါတယ်။ “ဒီနှစ်ထဲမှာ မြန်မာနိုင်ငံမှာ ပွဲစဉ်တစ်ပွဲထိုးဖို့ရှိသေးတယ်။ ပွဲအချိန်နဲ့ကာလအတိအကျတော့ ကျွန်တော်လည်း မသိသေးဘူး။ ဒီအတွက် ပြင်ဆင်မှုတွေလုပ်သွားမှာပါ။”လို့ အောင်လကပြောပါတယ်။ အောင်လအန်ဆန်ဟာ လက်ရှိအချိန်မှာ One Championship ရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ရပ်တည်နေပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က