အခြားသော Social Networkတွေမှာ ဆိုရင် သုံးဆွဲသူအချင်းအချင်းchat နေတာတွေကို Sever တွေမှာ သိမ်းထားတာတွေရှိပေမယ့် OKPar appမှာတော့ ဒါမျိုး သိမ်းထားတာတွေမရှိသလို ဘယ် Social Network မှာမှမပါသေးတဲ့ တစ်ယောက်နဲ့တစ်ယောက် chat နေတုန်း တစ်ဖက်လူက Screenshoot ရိုက်လိုက်ရင်ကို ကျန်တစ်ဖက်လူက သိနိုင်တဲ့ Function ကို ထည့်သွင်းထားတာလည်းဖြစ်ပါတယ်။
မြန်မာ IT ပညာရှင်တွေ စုစည်းတည်ထောင်ထားတဲ့ Facebook ကဲ့သို့ အသုံးပြုနိုင်မယ့် မြန်မာလူမှုကွန်ရက် OKPar app တစ်ခုကို စက်တင်ဘာလ(၂၀)ရက်နေ့က ရန်ကုန်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူမှုကွန်ရက်လုံခြုံရေးမှာ ချိုးဖောက်ခံရမှုများရှိနေပြီး မြန်မာပြည်သူများလုံခြုံစိတ်ချစွာ အသုံးပြုနိုင်အောင်အတွက် OKPar app ကို စတင်တည်ထောင်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ လူတွေရဲ့လိုအပ်ချက်အရ လိုက်ပြီးလုပ်ပေးနိုင်တဲ့ Social Networkတစ်ခုဖြစ်အောင် ကြိုးစားထားတယ်။ မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေးမှု ရှိမယ်လို့ ယူဆတဲ့အတွက်တည်ထောင်ဖြစ်ခဲ့တာ။ သုံးရမယ့် အချက်တွေတော့ အများကြီးရှိတယ်။ တခြား Social Networkကို သုံးသင့်တဲ့ အချက်အလက်အပြင် ဒီမှာ ပိုလာတာကတော့ တည်ထောင်တဲ့ သူတွေက မြန်မာတွေဖြစ်တဲ့အတွက် သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကတော့ ကျွန်တော်တို့ app ကိုသုံးမယ်ဆိုရင် ပိုပြီးတော့ လုံခြုံစိတ်ချရတယ်။ နိုင်ငံသားအချင်းအချင်း ထုတ်လုပ် သုံးစွဲတာဆိုတော့” လို့ OKPar appမှ ဒါရိုက်တာ ကိုပြည့်ဖြိုးထက်က Duwun ကိုပြောပါတယ်။
OKPar app ဟာ အခြားသော Social Networkတွေမှာ ပါရှိတဲ့ Function များလည်းပါရှိပြီး သုံးစွဲသူများရဲ့ Privicy လုံခြုံရေးကို အဓိကထား ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။ ဘယ် Social Network မှာမှမပါသေးတဲ့ တစ်ယောက်နဲ့တစ်ယောက် chat နေတုန်း တစ်ဖက်လူက Screenshoot ရိုက်လိုက်ရင်ကို ကျန်တစ်ဖက်လူက သိနိုင်တဲ့ Function ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ အခြားသော Social Networkတွေမှာ ဆိုရင် သုံးဆွဲသူအချင်းအချင်းchat နေတာတွေကို Sever တွေမှာ သိမ်းထားတာတွေရှိပေမယ့် OKPar appမှာတော့ ဒါမျိုး သိမ်းထားတာတွေမရှိပါဘူး။ ဒါကလည်း သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ပေါက်ကြားနိုင်တဲ့ ကိစ္စမျိုးတွေကို အများကြီးကာကွယ်ပေးနိုင်ပါတယ်။ OKPar appကိုတော့ စတင်အသုံးပြုလို့ရနေပါပြီ။ playstore မှာ Okpar appလို့ ရှာပြီး download လုပ်ပြီး မိမိဖုန်းနံပတ်ရိုက်ထည့်ကာ app ကို စတင်အသုံးပြုလို့ရနိုင်နေပြီဖြစ်ပါတယ်။