ဂျပန်မလေးတွေကိုတော့ မြင်နေရပါတယ်တဲ့။

ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ စိုင်းစိုင်းက ဂျပန်မလေးတွေကို မြင်နေရပေမယ့် မြန်မာမလေးကို လွမ်းတဲ့အကြောင်းတွေ ရင်ဖွင့် ထားပါတယ်။ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ပြုလုပ်မယ့် ASEAN JAPAN Music Festival ဖျော်ဖြေပွဲမှာ စိုင်းစိုင်းက ပါဝင် သီဆိုသွားမှာပါ။



Photo: Sai Sai Kham Leng Facebook

 

စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် ဂျပန်နိုင်ငံကို အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဂျပန်မလေးတွေကို တွေ့နေရပေမယ့် မြန်မာမလေးကိုတော့ လွမ်းနေတဲ့ အကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။

'' လူဆိုးဟာတစ်ညလုံးမအိပ်ရသေးဘဲတစ်နေကုန်လျှောက်သွားနေပါတယ်။ ဂျပန်မလေးတွေ သိပ်လှပေမယ့်  မြန်မာမလေးကို လွမ်းနေ ပါသတဲ့'' ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၆ နာရီနီးပါးက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ စိုင်းစိုင်းဟာ ASEAN JAPAN Music Festival ဖျော်ဖြေပွဲအတွက် ဂျပန်နိုင်ငံကို ဒီနေ့ မနက်မှာပဲ ရောက်ရှိနေတာဖြစ်ပါတယ်။

Photo: Sai Sai Kham Leng Facebook

 

ဂီတလောကမှာ ဒီနေ့အချိန်ထိ ထိပ်တန်းအဆိုတော် တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အချစ်ရေးကိုတော့ မိန်းကလေး တိုင်းက စိတ်ဝင်စားကြမှာ အသေအချာပါပဲ။ သူ့အနေနဲ့ အချစ်ရေးကတော့ အမြဲတမ်းကံကောင်းတတ်တယ် ဆိုတာကို စက်တင်ဘာလ ၁၅ ရက်နေ့က သူ့ရဲ့ တစ်ကိုယ်တော်ရှိုးပွဲအတွက် စာနယ်ဇင်းအသိပေးပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' အိမ်ထောင်ကတော့ ပြုချင်ပါတယ်။ အခုလောလောဆယ်တော့ အစီအစဉ်မရှိသေးပါဘူး။ နောက် ၂ လမှာ ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားကို လည်း နီးရင် ရိုက်ဖြစ်တာ၊ မရိုက်ဖြစ်တာတွေရှိမှာ ဆိုတော့ ကျွန်တော် မပြောရဲတာပါ။ အရှည်သဖြင့် ကိစ္စတွေ ဘာမှကို ကျွန်တော် မပြောရဲ သေးတာပါ။ အချစ်ရေးမှာ ကျွန်တော်ကံကောင်းပါတယ်။ အမြဲလိုလို ကံကောင်းတတ်ပါတယ်။ ခြေချော်လေးတွေ ဖြစ်တာပဲရှိတာပါ'' လို့ ဆိုပါတယ်။

Photo: Sai Sai Kham Leng Facebook

 

ASEAN JAPAN Music Festival ပွဲကြီးမှာတော့ အာဆီယံနိုင်ငံအသီးသီးမှာ  အောင်မြင်မှုရရှိနေကြတဲ့ အဆိုတော်တွေနဲ့ အတူ စိုင်းစိုင်းခမ်းလှိုင် က လည်း မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ပါဝင် သီဆိုသွားမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကြီးကိုတော့  အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ မြန်မာပရိသတ် တွေ အတွက် ဖျော်ဖြေသွားမှာဖြစ်တယ် လို့ သိရပါတယ်။

အာဆီယံဂီတဖျော်ဖြေပွဲအတွက် ဂျပန်နိုင်ငံရောက်နေတဲ့ စိုင်းစိုင်း  

မြန်မာနိုင်ငံက ပရိသတ်တွေအတွက်ကိုလည်း အမျိုးသားကဇာတ်ရုံမှာ ဖျော်ဖြေပွဲ ကျင်းပသွားဦးမယ်လို့ မီဒီယာတွေ ကနေ တဆင့်ပြောပြ ခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကတော့ စက်တင်ဘာလ ၁၆ ရက် နေ့က စတင်ရောင်းချခဲ့တာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ လက်မှတ်အားလုံး ရောင်းလို့ ကုန်သွားတယ်လို့ ဆိုပါတယ်။

Photo: Sai Sai Kham Leng Facebook

 

အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့် စိုင်းစိုင်းရဲ့ တစ်ကိုယ်တော် ရှိုးပွဲအတွက် လက်မှတ်တွေကိုတော့ စက်တင်ဘာလ ၁၆ ရက်နေ့ ကစပြီး Junction City မှာ ရောင်းချ သွားမယ် လို့လည်း စိုင်းစိုင်းက ကြေညာခဲ့ပါတယ်။ သူ့ရဲ့တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Sai Sai is Sai Sai အခွေအသစ်ကိုတော့ ၂၀၁၈ ခုနှစ် မတ်လအတွင်းက ထွက်ရှိခဲ့ တာဖြစ်ပါတယ်။ ဒီအခွေကလည်း အရင်အခွေတွေထက် အောင်မြင်မှု တွေအများကြီး ပိုင်ဆိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က