မြန်မာ့မီးရထားကို ခရီးသွားပြည်သူတွေအနေနဲ့ အသုံးပြုမှုများလာသလို ခရီးသွားဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း မြန်မာ့မီးရထားက လမ်းပိုင်းဆိုင်ရာတွေကိုပြုပြင်ပြီးတာနဲ့ ဆက်တိုက်ဆိုသလို ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာမီးရထားမှ သွားလာရေးမန်နေဂျာ ဦးဇော်လွင်ကပြောပါတယ်။
photo- Zaw Lwin
ပြည်သူတွေအနေနဲ့ ခရီးသွားလာရာမှာ တစ်နှစ်ထက်တစ်နှစ် ရထားကို ပိုမိုအသုံးပြုလာတယ်လို့ မြန်မာ့မီးရထားမှသိရပါတယ်။ ခရီးသွားရာမှာ ရထားကို ပိုမိုအသုံးပြုလာသလို မြန်မာ့မီးရထားမှ ခရီးသည်တွေအတွက်ပြန်ပေးတဲ့ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း အဆင့် မြှင့်တင်ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။
“ လက်ရှိမှာ ရန်ကုန်-မန္တလေးလမ်းပိုင်းအဆင့်မြှင့်တင်မှုလုပ်ငန်းတွေ၊ ရန်ကုန်မြို့ပတ်လမ်းနဲ့ မော်လမြိုင်လမ်းပိုင်းတွေကို လည်း အဆင့်မြှင့်တင်ဆောင်ရွက်လျှက်ရှိတယ်။ ပြီးတော့ ရန်ကုန်-ပြည်လမ်းပိုင်းကိုလည်း အဆင့်မြှင့်တင်ဖို့ စီစဉ်နေတယ်။ လမ်းပိုင်းတွေမှာလည်း အခုလိုဆောင်ရွက်နေသလို ရထားတွဲနဲ့ ပတ်သက်လို့လည်း စက်ခေါင်းအသစ်တွေ၊ တွဲအသစ်တွေနဲ့ရထားတွေကို တိုးချဲ့ပြေးဆွဲဖို့ စီစဉ်ဆောင်ရွက်နေတယ်” လို့ မြန်မာမီးရထားမှ သွားလာရေးမန်နေဂျာ ဦးဇော်လွင်က Duwun ကိုပြောပါတယ်။
photo- Zaw Lwin
ရထားကိုပိုမိုအသုံးပြုလာတဲ့ ခရီးသည်ဦးရေ အနေအထားက တစ်နှစ်ထက်တစ်နှစ် ပိုများလာပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာဆိုရင် ခရီးသည်ဦးရေက (၄.၉)သန်းကျော် ရှိကာ၂၀၁၈-၁၉ မှာတော့ (၃.၁)သန်းကျော်ရှိတယ်လို့သိရပါတယ်။ ၂၀၁၇-၁၈ ထက်ကို ၂၀၁၈-၁၉မှာ ခရီးသည် ဝ.၁၅၉ ပိုလာပြီး ခရီးသည်က (၁၅၉,၀၀၀)ကျော် တိုးလာတာဖြစ်ပါတယ်။ လက်ရှိမှာ ရထားစက်ခေါင်းတွေနဲ့ တွဲဆိုင်းများကို မှာထားလျှက်ရှိပြီး
ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုတွေပြီးတာနဲ့တပြိုင်နက် ရထားနဲ့ပတ်သက်လို့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆက်တိုက် မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးဇော်လွင်ကပြောပါတယ်။