မြန်မာပြည်တောင်ပိုင်းဒေသတွေမှာလုပ်ဆောင်မှာပါ။

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်မြို့တွေအကြား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ပူးတွဲဆောင်ရွက်ဖို့အတွက် သဘောတူညီလိုက်ပြီလို့ သိရပါတယ်။

မွန်ဘုရင်မကြီး စမ္မာဒေဝီ၏ ရုပ်ထု (Photo - WIKI)



ထိုင်းနိုင်ငံရဲ့ခရီးသွားလာရေးဌာနတာဝန်ရှိသူတွေနဲ့ မြန်မာတာဝန်ရှိသူတွေအကြား မြန်မာပြည်တောင်ပိုင်းဒေသက ရှေးဟောင်းမြို့တချို့နဲ့ ခရီးသွားလာရေးဒေသတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ တောင်ပိုင်းမှာရှိတဲ့ ဒွါရဝတီခေတ်မြို့တွေအကြားခရီးသွားလာရေးဖွံ့ဖြိုးစေရေးဆောင်ရွက်ကြမှာဖြစ်ပါတယ်။ အခုလို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အာဆီယံဒေသရဲ့ ခရီးသွားလုပ်ငန်းကိုလည်း အဆင့်မြှင့်တင်ရာရောက်မယ်လို့ ဆိုပါတယ်။

Photo - WIKI

မြန်မာနိုင်ငံဖက်ခြမ်းမှာဆိုရင် တနင်္သာရီမြို့ဟောင်းလိုနေရာတွေနဲ့ ကမ်းခြေအနေပြုခရီးသွားလာရေးလုပ်ငန်းတွေလုပ်လို့ရနိုင်သလို ထိုင်းနိုင်ငံဖက်ခြမ်းမှာလည်း မွန်မြို့ဟောင်းတွေများစွာကျန်ရှိနေတာကြောင့် အခုလို ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။

မြန်မာပြည်တောင်ဘက်ပိုင်းနဲ့ ထိုင်းနိုင်ငံဖက်ခြမ်းမှာ အေဒီ ၆ ရာစုကနေ ၁၁ ရာစုအတွင်းတည်ထောင်ခဲ့တဲ့ မွန်မြို့ပြနိုင်ငံတွေ အများအပြားရှိခဲ့တယ်လို့ သမိုင်းအထောက်အထားတွေအရ သိရပါတယ်။ အဲ့ဒီနိုင်ငံတွေဟာ လက်ရှိ မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ထိုင်းနိုင်ငံအလယ်ပိုင်းမှာ တည်ရှိကြတာပါ။

Share

Loading Next Article...
က္က