ဆန်တန်ချိန် ၁၈၀၀၀ ဖျက်ဆီးခံလိုက်ရတာပါ။

မြန်မာနိုင်ငံက တင်ပို့ခဲ့တဲ့ဆန်တွေဟာ အန္တရာယ်ရှိတဲ့ စားသောက်ကုန်တွေဖြစ်တယ်ဆိုပြီး အိုင်ဗရီကို့စ်နိုင်ငံမှာ ဖျက်ဆီးခံလိုက်ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

Photo - africanews



မြန်မာနိုင်ငံက တင်ပို့လိုက်တဲ့ ဆန်တန်ချိန်ပေါင်း ၁၈၀၀၀ ကို အန္တရာယ်ရှိတဲ့ စားသောက်ကုန်အနေနဲ့ ဖျက်ဆီးလိုက်တယ်လို့ အိုင်ဗရီကို့စ်အာဏာပိုင်တွေရဲ့ပြောကြားမှုကို BBC သတင်းထောက်ကတင်ဆက်သွားခဲ့တာပါ။

အဲ့ဒီဆန်တွေကို တင်ဆောင်လာတဲ့ သင်္ဘောဟာအာဖရိက အနောက်ဖက်ကမ်းရိုးတန်းနိုင်ငံတွေဖြစ်တဲ့ ဂါနာ၊ ဂီနီယာနဲ့ တိုဂို နိုင်ငံတွေကို အရင်ရောက်ရှိခဲ့တာဖြစ်ပြီး အရည်အသွေးသတ်မှတ်ချက်နဲ့ မညီဘူးဆိုပြီး ပယ်လိုက်ရာကနေ အိုင်ဗရီကို့စ်နိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မူရင်း သတင်းတင်ပြတဲ့ BBC သတင်းထောက်နဲ့ ထပ်ဆင့် တင်ပြခဲ့တဲ့ African News Agency တို့ကို ဆန်စပါးအသင်းချုပ်က ဆက်သွယ်နေသလို အဆိုပါသင်္ဘောအတွက် ဆန်ရောင်းပေးလိုက်တဲ့ ပြည်တွင်းကုမ္ပဏီတွေကိုလည်း စုံစမ်းနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က သူ့ရဲ့လူမှုကွန်ရက် ဖေ့ဘုတ်စ်စာမျက်နှာမှာ ရေးသားထားပါတယ်။

Photo - CNR

မြန်မာနိုင်ငံက ဆန်တင်ပို့ရောင်းချသူတွေဟာ FOB Yangon စနစ်နဲ့ ရန်ကုန်ဆိပ်ကမ်း သင်္ဘောပေါ်အရောက် အရောင်းအဝယ်ပြုလုပ်ကြပြီး ဆန်ဝယ်ယူတဲ့ Buyer တွေက အချိန်မှန်မှန်သင်္ဘောမှ ကုန်မချနိုင်ရင် ကြာရှည်စွာ သိုလှောင်ခြင်းကြောင့် အရည်အသွေးထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါအပြင် ဒီလိုကိစ္စတွေဟာ အစိုးရချင်း တိုက်ရိုက်မရောင်းနိုင်သေးဘဲ ကြားခံ ပွဲစားတွေမှတစ်ဆင့် ဆန်ရောင်းနေရတာကြောင့် ဖြစ်နေရတယ်လို့လည်း ဦးရဲမင်းအောင်က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က