Better Savings ရဲ့ နောက်ထပ် ထူးခြားချက်ကတော့ လစဉ်အတိုးထည့်သွင်းပေးသွားမှာ ဖြစ်ပြီး စုဆောင်းသူတွေအနေနဲ့ လစဉ်ဝင်ငွေရရှိနေမှာ ဖြစ်ပါတယ်။

မြန်မာ့ရှေ့ဆောင်ဘဏ် (MAB Bank) က စုငွေအတိုးနှုန်း ၇% ရရှိနိုင်မယ့် Better Savings အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ အတိုးနှုန်း၇%ဟာ လက်ရှိ မြန်မာနိုင်ငံမှာတော့ စုငွေအတွက် ရရှိနိုင်တဲ့ အမြင့်ဆုံးနဲ့ အများဆုံးအတိုးနှုန်းဖြစ်ပါတယ်။

Better Savings ရဲ့ နောက်ထပ် ထူးခြားချက်ကတော့ လစဉ်အတိုးထည့်သွင်းပေးသွားမှာ ဖြစ်ပြီး စုဆောင်းသူတွေအနေနဲ့ လစဉ်ဝင်ငွေရရှိနေမှာ ဖြစ်ပါတယ်။

“Better ways, better lives” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ အခုလို Pandemic ကာလမှာ မိဘပြည်သူတွေ နစ်နာဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် ရည်ရွယ်ပြီး အခုလို အမြင့်ဆုံးအတိုးနှုန်းရရှိနိုင်မယ့် Better Savings ကို MAB Bank အနေနဲ့ စီစဉ်လုပ်ဆောင်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

Better Savings အတွက် အတိုးရယူနိုင်ဖို့ MAB Bank မှာ အနည်းဆုံး စုငွေ ၁၀,၀၀၀ကျပ် ထည့်သွင်းစုဆောင်းရမှာ ဖြစ်ပါတယ်။ အဲဒီ ငွေ ၁၀,၀၀၀ ကျပ် ပေါ်မှာမှ အတိုးနှုန်းတွက်ချက်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ မိမိတို့ရဲ့ MAB Bank Account နဲ့ ချိတ်ဆက်လို့ရသလို MAB MPU Card, Mobile Banking နဲ့ Internet Banking တွေနဲ့လည်း ချိတ်ဆက်ပြီး ငွေစုနိုင်ပါတယ်။

မိဘပြည်သူတွေအနေနဲ့ မိမိတို့ ငွေတွေကို ယုံကြည်စိတ်ချရတဲ့နေရာမှာ ရေရှည်စုဆောင်း ရင်းနှီးမြှုပ်နှံဖို့ဆိုရင်တော့ MAB Bank ရဲ့ Better Savings မှာ ပါဝင် စုဆောင်းဖို့ အကြံပြု လိုက်ပါတယ်။

(ဒီသတင်းကိုMAB Bank မှပံ့ပိုးကူညီထားပါတယ်)

Share

Loading Next Article...
က္က