သုံးစွဲသူတွေကို စမတ်ဖုန်း အတွေ့အကြုံ ကောင်းကောင်းပေးစွမ်းနိုင်မယ့် 6.5 Inches HD+ IPS Waterdrop မျက်နှာပြင်ကျယ်ရယ် တာရှည်ခံမယ့် 5000 mAh ဘက်ထရီတို့ ပါဝင်မယ့် Vision 1 Plus Series ဖုန်းတွေဖြစ်ပါတယ်။

ကမ္ဘာ့ မိုဘိုင်းစျေးကွက်မှာ (၁၀)နှစ်ကျော် တည်တံ့လာခဲ့တဲ့ itel ကအခုဆိုရင် မြန်မာနိုင်ငံရဲ့ စျေးကွက်ထဲကိုပါ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။လူတိုင်းလက်လှမ်းမီပြီး အရည်အသွေးစိတ်ချရတဲ့ ပစ္စည်းတွေကို ထုတ်လုပ်ဖန်တီးတဲ့ itel ဟာ သူ့ရဲ့ နာမည်ကျော် စမတ်ဖုန်းတွေဖြစ်တဲ့ 2GB,3GB Vision 1 Plus Series တွေကို ကုမ္ပဏီ ပွဲဦးထွက်အနေနဲ့ မိတ်ဆက်သွားမယ်လို့သိရပါတယ်။ သုံးစွဲသူတွေကို စမတ်ဖုန်း အတွေ့အကြုံ ကောင်းကောင်းပေးစွမ်းနိုင်မယ့် 6.5 Inches HD+ IPS Waterdrop မျက်နှာပြင်ကျယ်ရယ် တာရှည်ခံမယ့်  5000 mAh ဘက်ထရီတို့ ပါဝင်မယ့် Vision 1 Plus Series ဖုန်းတွေဖြစ်ပါတယ်။

Vision 1 Plus ကို 5000 mAh ဘက်ထရီ တပ်ဆင်ထားခြင်း​ကြောင့် ပုံမှန်ဖုန်းအသုံးပြုမှုတွေအတွက် တစ်ကြိမ် အားသွင်းထားရင် ၃ရက် သုံးနိုင်မှာဖြစ်ပြီး အင်တာနက်အသုံးပြုတာ ဗီဒီယိုကြည့်ရှုတာတွေအတွက် အဆင့်မြှင့်ထားတဲ့ Al Power Master နဲ့ ကြီးမားတဲ့ ဘက်ထရီက ပံ့ပိုးပေးဦးမှာဖြစ်ပါတယ်။ ပြီးတော့ 5V2A အမြန်အားသွင်း နည်းပညာနဲ့ ၅၀% ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။Vision 1 Plus ဟာ သူရဲ့ ​တောက်ပတဲ့ waterdrop notch ၆.၅ လက်မ မျက်နှာပြင်အပြည့်နဲ့ 20:9 အချိုး ရှိတဲ့ aspect ratio တွေကြောင့် အံ့သြဖွယ် မြင်ကွင်းရှု​ထောင့်တွေကို တွေ့ကြုံခံစားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် သူ့ရဲ့ မျက်နှာပြင်ဟာ 500cd/m2 ရှိတဲ့ ကာလာ ​အရောင် တောက်ပမှု ရှိပြီး တိုက်ရိုက် ​နေ​ရောင်​အောက်မှာပင် video ကြည့်တာမျိုး ​app တစ်ခုခုကို ဖွင့်ကြည့်တာမျိုးတွေအတွက် အတွေ့အကြုံကောင်းကောင်းရစေမှာလည်း ဖြစ်ပါတယ်။Camera ပိုင်းကိုပြောရရင် Vision 1 Plus မှာ 8 MP ရှိ​တဲ့ ​ရှေ့ကင်မရာ၊ 13 MP ရှိတဲ့ ​နောက်ကင်မရာနှစ်လုံး အပြင် AI Face Beauty နည်းပညာပါ ထည့်သွင်းထားတာကြောင့် ဖေစ့်ဘုတ်၊ အင်စတာ ဂရမ်၊ တစ်​တော့ သုံးစွဲသူတွေအနေနဲ့ ဓာတ်ပုံ၊ဗီဒီယို ကွာလတီကောင်းကောင်းကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။


လုပ်ဆောင်ချက်အပိုင်းမှာတော့ Vision 1 Plus ရဲ့ RAM 2GB မှာဆိုရင်တောင် App တွေကို ချော့မွေ့စွာ အသုံးပြုနိုင်မယ့်အပြင် တပြိုင်တည်းမှာ ပါဝါ အသုံးပြုတာနဲ့ ဖုန်းကနေ အပူချိန်လွန်ကဲစွာ ထုတ်လုပ်တာတွေကို လျော့နည်းစေနိုင်မှာပါ။ဒါ့အပြင် Vision 1 Plus မှာ storage က 32 GB ပါရှိတာကြောင့်  ပုံ၊ video နဲ့ app တွေကို အကန့်အသတ်မဲ့လုနီးပါး သိမ်းဆည်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Lightning-Fast 4G data နည်းပညာ  ပံ့ပိုး​ပေးထားတဲ့ Vision 1 Plus ဟာ device တစ်ခုနဲ့ တစ်ခု အချက်အလက်ရွှေ့​ပြောင်းရာမှာ မြန်ဆန်ပြီး ပိုမိုအားကောင်းတဲ့ mobile data ကိုလည်း ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။ကိုယ်ထည်ပိုင်းကတော့ ဆန်းသစ်​တဲ့ Double S line ပုံစံနဲ့ AG Effect ပါဝင်တဲ့ 8.6 mm ထိ ပါးလွှာကျစ်လျစ်တဲ့ ဖုန်းကိုယ်ထည် ဒီဇိုင်းကိုမှ ရေ၊ ဖုန်နဲ့  အခြားသက်​ရောက်မှုတွေကို  ကြံ့ကြံ့ ခံနိုင်အောင် တည်​ဆောက်ထားတယ်လို့ သိရပါတယ်။ဒါ့အပြင် Matte frosted glass(AG) နည်းပညာကြောင့် Vision 1 Plus ဟာ သပ်ရပ်​တောက်ပရုံသာမက ဖုန်းကိုယ်ထည်ရဲ့ နူးညံ့​တဲ့ ထိ​​​တွေ့မှုကို ခံစားနိုင်ဦးမှာပါ။

Vision 1 Plus စီးရီးကို စက်တင်ဘာလ (၄)ရက်နေ့မှာ စတင်ရောင်းချပေးသွားမှာ ဖြစ်ပြီး Vision 1 Plus 2GB ကို တန်ဖိုး (၁၁၉,၉၀၀)ကျပ်၊ 3GB ကို တန်ဖိုး (၁၃၉,၉၀၀)ကျပ် နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ itel ဖုန်းတိုင်းကို ဝယ်ယူပြီး နောက် ရက် ၁၈၀ အတွင်း Display မျက်နှာပြင် အခမဲ့ လဲလှယ်ခွင့် တစ်ကြိမ် ရရှိဦးမယ်လို့ သိရပါတယ်။  itel အနေနဲ့ မြန်မာနိုင်ငံအတွင်း  စုစုပေါင်း ဆားဗစ်ပွိုင့် စုစုပေါင်း ၁၄ ခု ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်းကိုလည်းသိရပါတယ်။ itel အကြောင်း ပိုမိုသိရှိလိုတယ်ဆိုရင်တော့ http://www.itel-mobile.com/global/ တွင် ဝင်ရောက်​လေ့လာနိုင်ပါတယ်။



Share

Loading Next Article...
က္က