ဟာသကားအများဆုံးကြည့်ကြတယ်လို့ ဖြေဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ရုပ်ရှင်ကြည့်ကြတဲ့ စုံတွဲတွေထဲမှာမှ ၇၆ ရာခိုင်နှုန်းက ဟာသရုပ်ရှင်အများဆုံးကြည့်ရှုကြပြီးတော့ အကြိုက်တူတဲ့ဇာတ်ကားတွေ ကြည့်ကြတယ်လို့ စစ်တမ်းတစ်ရပ်ကဖော်ပြပါတယ်။



viu ကကောက်ယူခဲ့သည့် စစ်တမ်း

ကစုံတွဲအယောက် ၁၅၀၀ ကို သူတို့ကြည့်တဲ့ရုပ်ရှင်ဇာတ်ကားတွေအကြောင်းမေးမြန်းပြီး Viu က စစ်တမ်း ကောက်ယူထားတာဖြစ်ပါတယ်။ ဇာတ်ကားရွေးတဲ့အခါမှာ အတူတူရွေးကြတာတယ်လို့ စစ်တမ်းဖြေဆိုတဲ့ စုံတွဲ ၆၀ ရာခိုင်နှုန်းက ပြောခဲ့ပါတယ်။ ၇၆ ရာခိုင်နှုန်းက သူတို့ချစ်သူတွေနဲ့ အကြိုက်ချင်းတူပြီး ဟာသကားအများဆုံးကြည့်ကြတယ်လို့ ဖြေဆိုခဲ့တာပါ။

ပြည်တွင်းတွင် ရုံတင်ခဲ့သည့် ဟာသဇာတ်ကားတစ်ကားအားာ လာရောက်ကြည့်ရှုကြသည့် ပရိတ်သတ်များ (photo -သမ္မတရုပ်ရှင်ရုံ)

ကိုရီးယားနဲ့ ဘောလီးဝုဒ်ကားတွေကတော့ လူကြိုက်အများဆုံးဖြစ်ပြီးတော့ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေက ယှဉ်ကြည့်တယ်ဆိုရင် ဇာတ်လမ်းတွဲတွေက လူကြည့်များတယ်လို့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားကြည့်ရှုမှုနှုန်းက အခြားသော၊အချစ်ကားအပါအဝင် သည်းထိတ်ရင်ဖိုကားတွေကို ကြည့်ရှုတဲ့နှုန်းထက်အနည်းဆုံးဖြစ်နေပါတယ်။

ပြည်တွင်း ဟာသဇာတ်ကားတစ်ကားရုံတင်သည့် မြင်ကွင်း

ရုပ်ရှင်အကြိုက်မတူပဲကြည့်ရှုသူတွေက ၂၃ ရာခိုင်နှုန်းရှိပြီးတော့ ကြည့်ရှုသူ ၅၆ ရာခိုင်နှုန်းက ဇာတ်လမ်းတွဲကြည့်ရှုများပြီးတော့ ၄၃ ရာခိုင်နှုန်းက ရုပ်ရှင်ကို အများဆုံးကြည့်ရှုကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က