Azay Co. Ltd သည် City Holdings Limited ကုမ္ပဏီများအုပ်စုရှိ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ Premium Distribution လက်အောက်တွင်ရှိသော Azay သည် ၎င်းတို့၏ အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် အစားအသောက်ဝန်ဆောင်မှုနှင့် လက်လီအရောင်းလောကရှိ စီးပွားရေးလုပ်ငန်းများထံ အကျိုးရှိ၍ လွယ်ကူ သက်သာသော ဝယ်ယူမှုဆိုင်ရာနည်းလမ်းတစ်ခုကို ယူဆောင်လာပါပြီ။ B2B လက်ကားရောင်းဝယ်မှုသည် ဖြန့်ချိရေး၊ လက်လီရောင်းဝယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့၏ ဆယ်စုနှစ်များစွာရှိ ကျွမ်းကျင်မှုများကို ယူဆောင်လာပြီး dry food ၊ fresh food နှင့် non-food များကို ကောင်းမွန်စွာ လည်ပတ်စေပါသည်။
Azay သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ customer များကို ၎င်း၏ပလက်ဖောင်းပေါ်သို့ ရောက်ရှိစေခဲ့ပြီး လက်ရှိတွင် သုံးစွဲမှု ၇၀% ရှိနေပြီဖြစ်ပါသည်။ B2B customer များအနေဖြင့် သူတို့၏အော်ဒါများကို ဖုန်း၊ SMS၊ စာတိုပေးပို့စနစ်များနှင့် customer ဝန်ဆောင်မှုဌာနမှတစ်ဆင့်ဖြစ်စေ၊ အရောင်းအဖွဲ့မှတစ်ဆင့်ဖြစ်စေ၊ သို့မဟုတ် အွန်လိုင်းမှ တိုက်ရိုက်ဖြစ်စေ မှာယူနိုင်ပါသည်။ Customer အများစုသည် HORECA channel (စားသောက်ဆိုင်များ၊ မုန့်ဖုတ်လုပ်ငန်းများ၊ ကော်ဖီဆိုင်များနှင့် ဟိုတယ်များ) မှဖြစ်ပါသည်။ သူတို့သည် လက်ရှိတွင် မိရိုးဖလာ စီးပွားရေးလုပ်ငန်းပိုင်ရှင်များ ဖြစ်ကြပါသည်။
“ကျွန်တော်တို့ဟာ မိခင်ကုမ္ပဏီဖြစ်တဲ့ City Holdings Limited ရဲ့ အတွေ့အကြုံအပြင် ၁၅ နှစ်ကျော် မြန်မာနိုင်ငံရဲ့ supply-chain နဲ့ distribution မှာ ပါဝင်ခဲ့တဲ့ Premium Distribution ရဲ့ အတွေ့အကြုံတွေနဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။ Azay ဟာ မြန်မာ professional တွေက မြန်မာ professional တွေအတွက် ဖန်တီးမှုဖြစ်ပါတယ်။” ဟု Premium Distribution ၏ Acting CEO ဖြစ်သူ Mr. Steve Mawby က ပြောကြားခဲ့ပါတယ်။ Mr. Steve က Azay ၏ B2B e-Commerce ပလက်ဖောင်းကို စျေးကွက်အတွင်းသို့ ဖြန့်ချိခြင်းသည် Covid-19 တွင် စီးပွားရေးပြန်လည်နာလန်ထူရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းအရ ဖောက်သည်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဒစ်ဂျစ်တယ်အစီအစဉ်များကို မြှင့်တင်မည်ဟူသော Group ၏ ရည်မှန်းချက်နှင့်အညီဖြစ်ကြောင်း ဆက်လက် ပြောကြားပါသည်။ “ကပ်ရောဂါကြီး မဖြစ်ပွားခင်မှာ လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အခုအချိန်ဟာ online ordering platform ကို အရှိန်မြှင့်ဖို့ အကောင်းဆုံးအချိန်ဖြစ်နေပါပြီ” ဟုလည်း ဆက်လက်၍ ပြောကြားခဲ့ပါသည်။
Azay ၏ အဆင်ပြေလွယ်ကူပြီး သုံးရလွယ်သော www.azay.com.mm ဟူသည့် e-Commerce platform တွင် B2B customer များသည် မတူညီသော ထုတ်ကုန်အမျိုးအစားများကို ရှာဖွေနိုင်ခြင်း၊ ကုန်လက်ကျန်နှင့် ဈေးနှုန်းတို့ကို သိနိုင်ခြင်း၊ ပရိုမိုးရှင်းအစီအစဉ်များနှင့် ကုန်ပစ္စည်းအသစ်များကို သိနိုင်ခြင်း စသည်တို့ကို click တစ်ချက်နှိပ်ရုံဖြင့် လုပ်ဆောင်နိုင်ပြီဖြစ်ပါသည်။ Azay သည် ၎င်း၏ customer များ အဆင်ပြေစေရန်အတွက် ရန်ကုန်အတွင်းတွင် door-to-door delivery ပြုလုပ်ပေးပါသည်။ အခြားမြို့ကြီးများတွင်လည်း မကြာမီ စီစဉ်ပေးနိုင်အောင် ကြိုးစားနေပါသည်။ Azay ၏ customer များ စျေးဝယ်မှု အဆင်ပြေချောမွေ့စေရန်အတွက် Customer Service Center ထားရှိပေးထားပြီး Customer Service Center ရှိ ဝန်ထမ်းများကို Viber ၊ Facebook နှင့် Messenger ကဲ့သို့သော instant messaging platform များ၊ သို့မဟုတ် အီးမေးလ်များမှတဆင့် ဆက်သွယ်နိုင်ပါသည်။ Customer များ လိုအပ်သမျှကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဝန်ထမ်းများကို အပြည့်အဝ လေ့ကျင့်ပေးထားပါသည်။
“ဒီလို service မျိုးကို မြန်မာနိုင်ငံထံ ယူဆောင်လာနိုင်ခဲ့တဲ့အတွက် များစွာ ဂုဏ်ယူမိပါတယ်။ စီးပွားရေး အော်ပရေတာတွေအနေနဲ့ တစ်နေ့တာ လုပ်ငန်းလည်ပတ်ဖို့အတွက် မတူညီတဲ့ supplier တွေနဲ့ ဈေးကွက် အမျိုးမျိုးကိုသွားရတဲ့နေ့ရက်တွေ ပြီးဆုံးသွားပါပြီ။ သင့်အတွက် ဝယ်ယူရေးတွေ ပိုမိုချောမွေ့စေဖို့ Azay ရှိနေပါပြီ။” ဟု Mr. Steve Mawby မှ ပြောကြားခဲ့ပါသည်။ Azay ၏ ကတိအတိုင်း အစားအစာများ၏ လုံခြုံရေးနှင့် အရည်အသွေးတို့ကို HACCP လက်မှတ်ရထားသည့် စက်ရုံများတွင်သာ စီမံခန့်ခွဲသည့်အတွက် စိတ်ချနိုင်ပါကြောင်း Mr. Steve သည် ထပ်လောင်းအတည်ပြုပါသည်။
Azay သည် ၎င်းတို့၏ဆိုင်ကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိပါသည်။ ၄၀၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး customer များသည် ကုန်ခြောက်များ၊ ကုန်စိုများနှင့် အေးခဲစားသောက်ကုန်များအစုံရှိသည့် လက်ကားဈေးဝယ်မှုအတွေ့အကြုံကို ရရှိနိုင်မည်ဖြစ်ပါသည်။ မိမိတို့စိတ်ကြိုက် လိုအပ်ချက်များအတိုင်း ဖြည့်ဆည့်ပေးမည့် အသား၊ ငါးနှင့် ပင်လယ်စာအရောင်းတန်းများကိုလည်း မြင်တွေ့နိုင်ပြီး မီးဖိုခန်းများ၊ ဝိုင်သိုလှောင်ခန်းများအား သရုပ်ပြသွားမည့် အစီအစဉ်များလည်း ရှိပါသည်။ Customer များ ဈေးဝယ်ရာတွင် အခက်အခဲမရှိစေရန်အတွက် အသားခုတ်သူများ၊ wine sommeliers များအပါအဝင် specialized customer service professionals များထားရှိထားပေးမည် ဖြစ်ပါသည်။အသေးစိတ်အချက်အလက်များသိရှိလိုပါက www.azay.com.mm သို့ဝင်ရောက်နိုင်ပါသည်။ သို့မဟုတ် +959 778 496 480 သို့ ဖုန်းခေါ်ဆိုနိုင်ပါသည်။