ပိုးတွေ့သူ ၅ဦးမှာ ကယ်ဆယ်ရေးလေယာဉ်နဲ့ပြန်ခေါ်လာသူ ၄ဦးပါဝင်နေပါတယ်။
နိုင်ငံတော်အစိုးရက ကယ်ဆယ်ရေးလေယာဉ်(Relief Flight)တွေနဲ့ ပြန်လည်ခေါ်ယူခဲ့တဲ့ ပြည်ပနိုင်ငံအသီးသီးကပြန်လည်ရောက်ရှိလာတဲ့မြန်မာနိုင်ငံသားတွေထဲမှာ ပိုးတွေ့လူနာတွေ စတင်တွေ့ရှိလာခဲ့ပါပြီ။ မနေ့က မေ၁၇ရက်နေ့ ည ၈နာရီမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ရန်ကုန်က ပုဇွန်တောင်မြို့နယ်မှာနေထိုင်သူ မလေးရှားပြန်တစ်ဦးမှာ ရောဂါပိုးစတင်တွေ့ရှိခဲ့တာပါ။
“ကျွန်တော်တို့ တနင်္သာရီတိုင်းကတော့ အစိုးရအစီအစဉ်နဲ့ ၁၁ရက်နေ့မှာ သူတို့ပြန်လာချိန် ကားနဲ့သွားကြိုခဲ့ပါ တယ်။စုစုပေါင်း ၂၁ယောက်ကိုထားဝယ်တက္ကသိုလ်မှာ ကွာရန်တင်းဝင်စေရာမှာတော့ သူတစ်ဦးပဲ ရောဂါပိုးတွေ့ တာပါ။ကျန် ၂၀ယောက်ကတော့ ကွာရန်တင်းဆက်လက်ဝင်ရောက်နေပါတယ်။”လို့လောင်းလုံမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဗိုလ်ထွေးက Duwunကိုပြောပါတယ်။
အလားတူ ကရင်ပြည်နယ် ဘားအံမြို့မှာ ကွာရန်တင်းဝင်နေတဲ့ မလေးရှားပြန်နှစ်ဦးကလည်း ချက်ချင်းကွာရန်တင်းဝင်ရတဲ့အတွက် မည်သူတစ်ဦးတစ်ယောက်နဲ့မျှ ထိတွေ့မှုမရှိသလို ကော့ကရိတ်ကိုလည်း ပြန်မရောက်သေးတဲ့အတွက် ကော့ကရိတ်မြို့မှာလည်း ပိုးတွေ့လူနာ တစ်ဦးမှ မရှိသေးဘူးလို့ ကော့ကရိတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင်ကDuwunကိုပြောပါသေး တယ်။ ချင်းပြည်နယ် ထန်တလန်မြို့က လူနာအမှတ်(၁၈၂)ကလည်း မလေးရှားကပြန်လာသူဖြစ်လို့ လက်ရှိမြန်မာနိုင်ငံမှာတော့ မလေးရှားနိုင်ငံက ပြန်လာသူတွေထဲမှာ ရောဂါပိုးတွေ့လူနာ ၅ဦးထိရှိလာခဲ့ပြီဖြစ်ပါတယ်။