မြန်မာနိုင်ငံဟာလေထုအညစ်ညမ်းဆုံး နိုင်ငံ(၁၅)နိုင်ငံထဲမှာ ပါဝင်နေတာပါ။

မြန်မာနိုင်ငံရှိ လူဦးရေ (၈၀)ရာခိုင်နှုန်းခန့်မှာ ထင်းနှင့် ထမင်းဟင်းချက်ခြင်း၊ ရေနံဆီနဲ့ မီးထွန်းခြင်းတို့ကို ပြုလုပ်လျှက်ရှိနေပြီး လေထုညစ်ညမ်းမှု အများဆုံးနိုင်ငံတွေမှာ ပါဝင်နေပါတယ်။

ကမ္ဘာ့ကျန်းမာရေးရဲ့လေ့လာတွေ့ရှိချက်တွေအရ ကမ္ဘာတစ်ဝှမ်းမှာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူပေါင်း (၇)သန်းနီးပါးဟာ အရွယ်မတိုင်ခင်သေဆုံးနေသလို မြန်မာနိုင်ငံမှာလည်း လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း (၂၂၀၀၀)ခန့်သေဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။



“မြန်မာနိုင်ငံက လေထုညစ်ညမ်းတဲ့နိုင်ငံထဲမှာ အဆိုးရွားဆုံးဖြစ်နေတာလည်း မဟုတ်ပါဘူး။ လေထုအရည်အသွေးကျဆင်းနေတာက တစ်ကမ္ဘာလုံးရင်ဆိုင်ကြုံတွေ့နေရတော့ တစ်ကမ္ဘာလုံးပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ဥရောပနိုင်ငံမှာ ဆိုရင် ၁၉၇၀ ခုနှစ်ကတည်းကစပြီး ကမ္ဘာတစ်ဝှမ်းမှာ လေထုညစ်ညမ်းမှုနဲ့ ပက်သက်ပြီး ရင်ဆိုင်ကြုံတွေ့နေရတာကို ကျွန်တော်တို့အနေနဲ့ ဖြေရှင်းဆောင်ရွက်လာရတာ။ ကျွန်တော်တို့ရဲ့အတွေ့အကြုံအရဆိုရင် အဓိက က ဖုန်မှုန့်တွေ၊ လမ်းမှာဖြစ်ပေါ်တဲ့ အန္တရာယ်မျိုးတွေရဲ့ဆိုးကြိုးတွေကြောင့်မလို့ လေထုညစ်ညမ်းမှုကို အဓိကဖြစ်ပေါ်စေတာ ဒါတွေကိုလည်း ကျွန်တော်တို့အနေနဲ့ဖြေရှင်းဆောင်ရွက်လာတာပါ “လို ဇွန်လ ၃ ရက်နေ့က ရန်ကုန်မြို့ Junction City မှာ ပြုလုပ်တဲ့ အခုလိုကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြိုဓာတ်ပုံပြပွဲမှာ ဥရောပသံအမတ်ကြီး Kristain Schmidt က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို ဓာတ်ပုံပြပွဲကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး လေထုညစ်ညမ်းမှုကို ဘယ်လိုတိုက်ဖျက်ရမလဲ ဘယ်လိုလျော့ကျအောင် လုပ်ဆောင်ရမလဲဆိုတာကို အသိပညာပေးတဲ့အနေနဲ့ အဓိက ရည်ရွယ်ပြီးတော့ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

တိုင်းဒေသအသီးသီးနဲ့ မြို့များမှာ လေထုညစ်ညမ်းမှုများဖြစ်ပွားလျှက်ရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ (၉၂)ရာခိုင်နှုန်းသော လူများဟာလည်းသန့်ရှင်းသောလေကို မရှူရှိုက်နိုင်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုန်ပြန်ထားပါတယ်။


မြန်မာနိုင်ငံဟာ လေထုအညစ်ညမ်းဆုံးနိုင်ငံ (၁၅)နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ြ မန်မာနိုင်ငံရှိ လူဦးရေ (၈၀)ရာခိုင်နှုန်းခန့်မှာ ထင်းနှင့် ထမင်းဟင်းချက်ခြင်း၊ ရေနံဆီနဲ့ မီးထွန်းခြင်းတို့ကို ပြုလုပ်လျှက်ရှိနေတာကလည်း လေထုညစ်ညမ်းခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

ဓာတ်ပုံပြပွဲမှာဆိုရင မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးပြည်နယ် တစ်ချို့ရဲ့ လေထုညစ်ညမ်းမှုဖြစ်ရတဲ့ အကြောင်းတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြသခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က