အသက် ၃၅ နှစ်နောက်ပိုင်း အသုံးပြုသူရာခိုင်နှုန်းက နည်းပါးနေသေးတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အတွင်းလူငယ်တွေက facebook အသုံးပြုမှုအများဆုံးဖြစ်နေတယ်လို့ Social Media Development Myanmar ကနေ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။



အသက် ၂၅နှစ်ကနေ ၃၄ နှစ်အရွယ်အတွင်း Facebook အသုံးပြုသူရာခိုင်နှုန်း ၄၀ ရာခိုင်နှုန်းနီးပါးရှိနေပေမယ့် အသက် ၃၅ နှစ်နောက်ပိုင်း အသုံးပြုသူရာခိုင်နှုန်းက နည်းပါးနေသေးတယ်လို့ သိရပါတယ်။

 “ အဓိကက မြန်မာနိုင်ငံကလူငယ်တွေက မိုဘိုင်းဖုန်း လက်ထဲရောက်တာနဲ့ Facebook အကောင့်ကို စဖွင့်တာများတယ်။ Digital Literacy နည်းတဲ့အတွက် အင်တာနက်ကို ဘယ်လိုထိရောက်အောင် သုံးရမလဲဆိုတာ မသိကြဘူး။ Facebook ကို အင်တာနက်လို့ထင်တာက အများဆုံးရှိနေတုန်းပဲ၊ ဒီလို ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုကို အားကိုးနေတာက မကောင်းဘူး၊ ဆိုရှယ်မီဒီယာမှာ အချိန်ကုန်တာထက် Digital Literacy အားကောင်းအောင် ပိုလုပ်လာနိုင်မယ်ဆိုရင် အင်တာနက်အသုံးပြုတာက ပိုပြီးကောင်းတဲ့နေရာရောက်အောင် သုံးလာနိုင်မယ်လို့ထင်တယ်” လို့ နည်းပညာအကြံပေး ကိုဝေယံသွင်က ပြောပါတယ်။

မလေးရှား၊ ထိုင်း၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ စကာၤပူနိုင်ငံတို့မှာတော့ အသက် ၂၅ နှစ်ကနေ ၃၄ နှစ်အရွယ် Facebook အသုံးပြုသူ ရာခိုင်နှု်းမြင့်မားနေတယ်လို့ ထုတ်ပြန်ထားတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က