မြန်မာနိုင်ငံက လိင်တူချစ်သူပေါင်း သောင်းချီပါဝင်မယ့် Yangon Pride ပွဲတော်ကို လာမယ့် ဇန်နဝါရီ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၃ ရက်နေ့တို့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီပွဲတော်က lesbian , gay , bisexual , tarnsgnder, intersex, queer တို့ရဲ့ အခွင့်အရေးတွေနဲ့ ဖြစ်တည်မှုတွေကို လူတွေက လက်ခံလာနိုင်ဖို့နဲ့ ရှေးရိုးစွဲအမြင်တွေကို ဖျောက်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ဒီပွဲတော်ကို ကျင်းပတာက ငါးနှစ်မြောက်ရှိနေပြီဖြစ်ပြီးတော့ နိုင်ငံတကာလှုပ်ရှားမှုနဲ့ ပိုနီးစပ်အောင် ကျင်းပလာနိုင်တာမျိုးအပြင် ရန်ကုန်အနေနဲ့ ကိုယ်ပိုင် pride ပွဲကို ကျင်းပလာနိုင်တာဖြစ်တယ်လို့ သိရပါတယ်။
“အဲ့ဒိနေ့မှာ ရုပ်ရှင်တွေ၊ သရုပ်ပြတွေ၊ မေခလာ၊အားတီ၊ရက်ဆဲ၊ ဆိုဖီယာအဲဗရက်၊ ဂျူဝဲလ် နဲ့ Project k တို့ ရဲ့ ဖျော်ဖြေမှုတွေက အားလုံးဝင်ကြေးအခမဲ့အနေနဲ့ သခင်မြပန်းခြံနဲ့ france institute မှာလုပ်မှာပါ။နောက်ထပ် သဘောကျစရာတစ်ခုက drag queen အိုလံပစ်ပါ။ drag queen ပုံစံဝတ်ထားတဲ့ အားကစားပြိုင်ပွဲတစ်ခုပေါ့။ဒေါက်ဖိနပ်တွေနဲ့ ပြေးကြမယ်။အိတ်တွေဝေးဝေးလွှဲပြီးတော့ ကကြမယ်။ဒါကတကယ့်ကို ပျော်စရာကောင်းမယ့်နေ့ပါ ” လို့ Festival Director Production ဖြစ်သူ Willem Van Rooij က ဇန်နဝါရီ ၂၂ ရက်နေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။
ဒီပွဲကို ဇန်နဝါရီ ၂၅ ၊ ၂၆၊ ၂၇ မှာ သခင်မြပန်းခြံမှာ ဖျော်ဖြေပွဲ၊ အားကစားဂိမ်းတွေနဲ့ သီချင်းဖျော်ဖြေမှုတွေအပြင် river pride လို့ခေါ်တဲ့ ရန်ကုန်မြစ်ပေါ်မှာကျင်းပမယ့် gay pride ဆိုတဲံ သဘောၤနဲ့ လှည့်လည်တဲ့အစီအစဉ်ကို စနေနေ့ ၁ နာရီခွဲကနေ ၄ နာရီအထိကျင်းပမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ပြင်သစ်ယာဉ်ကျေးမှုဌာနမှာတော့ ရုပ်ရှင်ပြသမှုနဲ့ ကျန်းမာရေး၊ဥပဒေနဲ့ ဆိုင်တာတွေကို ဆွေးနွှေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
& Proud ပွဲတော်က မြန်မာနိုင်ငံရဲ့ LGBTIQ လူ့အဖွဲ့အစည်းအကြောင်းကို ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်တွေ စုစည်းပြုလုပ်ပေးတဲ့ ရန်ကုန်အခြေစိုက်အဖွဲ့အစည်းဖြစ်ပါတယ်။