UMEC လို့ အတိုကောက်ခေါ်တဲ့ ရန်ကုန်တက္ကသိုလ်ပေါင်းစုံ မိုဘိုင်းဂိမ်းပြိုင်ပွဲဟာ တက္ကသိုလ်ကျောင်းသားများသာ ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲကြီးဖြစ်ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာတစ်သောင်းထိ ချီးမြှင့်သွားမှာပါ။

UMEC ( Universities Mobile Esports Championship) 2019 ဆိုတာ Game Cast Network Myanmar က ကြီးမှူးကျင်းပတဲ့ တက္ကသိုလ်ပေါင်းစုံမိုဘိုင်းဂိမ်းပြိုင်ပွဲကြီးပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံရဲ့ လက်ရှိလူကြိုက်အများဆုံး မိုဘိုင်းဂိမ်းတွေဖြစ်တဲ့ Mobile Legends: Bang Bang နဲ့ PUBG Mobile တို့ပါဝင်မှာဖြစ်ပြီး ဂိမ်းနှစ်ခုပေါင်းအတွက် ဆုကြေးငွေ ဒေါ်လာ ၁၀၀၀၀ (မြန်မာငွေ ကျပ်သိန်း ၁၅၀ ခန့်) ချီးမြှင့်သွားမှာဖြစ်တယ်လို့သိရပါတယ်။


ဒီပွဲဖြစ်မြောက်ရေးအတွက် ဖုန်းအော်ပရေတာတစ်ခုဖြစ်တဲ့ Telenor နဲ့ အမျိုးသားသုံး အလှကုန်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Pond's Men တို့က အဓိက ကူညီအားဖြည့်ပေးထားတယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကြီးမှာ ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ် ၁၆ ခုတို့ကပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီတက္ကသိုလ်တွေကတော့ -




1. Yangon University


2. East Yangon University


3. West Yangon University


4. Dagon University


5. University of Medicine 1


6. University of Medicine 2


7. University of Dental Medicine Yangon


8. Myanmar Maritime University


9. Yangon Technological University


10. Thanlyin Technological University


11. West Yangon Technological University


12. Hmawbi Technological University


13. University of Information Technology


14. University of Computer Studies Yangon


15. Yangon University of Foreign Languages


16. Yangon University of Economics တို့ပဲဖြစ်ပါတယ်။


တက္ကသိုလ်တစ်ခုချင်းစီမှာ ကနဦးလက်ရည်စစ်ပွဲတွေကို ကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး Main Event မှာတော့ PUBG Mobile အတွက် တက္ကသိုလ် ၁၆ ခုစလုံးက အသင်းတစ်သင်းစီ ကိုယ်စားပြုပါဝင်မှာပဲဖြစ်ပါတယ်။ Mobile Legends: Bang Bang ဂိမ်းမှာတော့ တက္ကသိုလ် ၁၆ ခုထဲက နောက်ဆုံးကျန်ရစ်ခဲ့တဲ့ ၈ သင်းကသာ Main Event ကိုတက်ရောက်နိုင်မှာပါ။ UMEC ရဲ့ Main Event ဟာ မကြာခင်ကျင်းပတော့မှာဖြစ်တာကြောင့် တက်ရောက်ခွင့်ရရှိခဲ့တဲ့ ၈ သင်းဟာလည်း ထွက်ပေါ်လာခဲ့ပါပြီ။ အဲဒီအသင်းတွေကတော့

1. Yangon Technological University


2. East Yangon University


3. West Yangon University


4. Dagon University


5. Hmawbi Technological University


6. University of Information Technology


7. University of Computer Studies Yangon


8. Myanmar Maritime University တို့ပဲဖြစ်ပါတယ်။


UMEC ရဲ့ Main Event ကို Yangon Convention Center (YCC) မှာ သြဂုတ်လ ၉ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ သုံးရက်တိုင်တိုင် ခမ်းခမ်းနားနားကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာလည်း ထုံးစံအတိုင်း Cosplay ပြိုင်ပွဲပါဝင်ဦးမှာဖြစ်ပြီး Amateur Level နဲ့ Pro Level ဆိုပြီး နှစ်ပိုင်းခွဲပြီးယှဉ်ပြိုင်စေမှာပဲဖြစ်ပါတယ်။

Amateur Level မှာတော့ အထက်တန်းကျောင်း (သို့မဟုတ်) တက္ကသိုလ်တက်ရောက်နေတဲ့ ဝါသနာရှင်ကျောင်းသားကျောင်းသူများသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး Pro Level မှာတော့ အတွေ့အကြုံရှိပြီးဝါရင့်တဲ့ Cosplayer များဝင်ရောက်ယှဉ်ပြိုင်နိုင်မှာပါ။ အဆိုပါ Cosplay ပြိုင်ပွဲနှစ်ခုစလုံးအတွက် ဆုကြေးကိုတော့ ပထမဆု ၅ သိန်းကျပ်၊ ဒုတိယဆု ၃ သိန်းကျပ် နဲ့ တတိယဆု ၂ သိန်းကျပ် ဆိုပြီးအသီးသီးချီးမြှင့်သွားမယ်လို့ သိရပါတယ်။ ဒီ Cosplay ပြိုင်ပွဲအတွက် ပြည်တွင်း Cosplayer တွေဖြစ်တဲ့ Ellen နဲ့ Ayanami အပြင် ထိုင်းနိုင်ငံရဲ့နာမည်ကျော် Cosplayer တစ်ဦးဖြစ်တဲ့ Thame Malerose တို့က ဒိုင်လူကြီးများအဖြစ် ပါဝင်အားဖြည့်သွားမှာပဲဖြစ်ပါတယ်။

UMEC ရဲ့ အခြားပြိုင်ပွဲတွေနဲ့မတူ တမူထူးခြားတာကတော့ Esports ပြိုင်ပွဲတစ်ခုတည်းတင်မဟုတ်ပဲ ဆိုင်ခန်းပေါင်း ၁၅၀ ရှိတဲ့ပွဲဈေးတန်းကြီးလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပွဲလာပရိသတ်တွေအတွက် သီးသန့်စီစဉ်ထားတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေပါ။ နိုင်ငံကျော်အနုပညာရှင်တွေ ဖြစ်တဲ့ Double J, Mary နဲ့ Big Bag တို့က ပွဲလာပရိသတ်တွေကို သုံးရက်လုံးလုံး ဧည့်ခံဖျော်ဖြေပေးသွားမယ်လို့ သိရပါတယ်။


ဒီပြိုင်ပွဲကြီးကို လူကိုယ်တိုင်သွားရောက်အားပေးချင်သူတွေအတွက်လည်း Grab က အထူးစီစဉ်ပေးထားတဲ့ပရိုမိုရှင်းရှိပါသေးတယ်။ UMEC Main Event ကျင်းပမယ့် Yangon Convention Center (YCC) ကို Grab နဲ့လာမယ်ဆိုရင် UMEC ဆိုတဲ့ Promo Code ကိုအသုံးပြုပြီး ၂၅၀၀ ကျပ်အထိလျှော့ဈေးရမှာပါ။ လူကိုယ်တိုင်အားပေးဖို့အဆင်မပြေဘူး ကိုယ်ကနယ်ဝေးကဖြစ်နေတယ်ဆိုတဲ့သူတွေအတွက်တော့ Free to Air TV Channel တစ်ခုဖြစ်တဲ့ YTV ကနေ UMEC ပြိုင်ပွဲကြီးကို အစအဆုံး တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာပဲဖြစ်ပါတယ်။ TV Channel ဖြစ်တာကြောင့် ဖုန်းဘေကုန်စရာမလိုဘဲ အိမ်ကတီဗွီကိုဖွင့်ပြီး အလွယ်တကူကြည့်ရှုနိုင်မှာပါ။


Universities Mobile Esports Championship ဟာ မြန်မာနိုင်ငံရဲ့ပထမဦးဆုံး တက္ကသိုလ်ပေါင်းစုံ မိုဘိုင်းဂိမ်းပြိုင်ပွဲဖြစ်သလို အရောင်းပြခန်းများစွာနဲ့ ပွဲဈေးတန်းကြီးရော၊ နိုင်ငံကျော်အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေရော ပါဝင်တဲ့ပွဲကြီးတစ်ပွဲဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့အကြီးမားဆုံး Esports ပြိုင်ပွဲတွေထဲကတစ်ခုလို့ဆိုနိုင်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က