တော်လိုက်တာ။

R ဇာနည်ရဲ့ သားအကြီးလေး ဖစ်ဖစ်တုန်လေးက ကျောင်းမှာ မြန်မာစာနဲ့ ထူးချွန်ဆုရခဲ့တယ်တဲ့။ ဖေဖေကတော့ သားလေးအတွက် ဂုဏ်ယူလို့နေပါတယ်။

Photo : R ဇာနည်



အဆိုတော် R ဇာနည်ရဲ့ သားအကြီးဆုံး ဖြစ်တဲ့ ဖစ်ဖစ်တုန်လေးက ကျောင်းမှာ မြန်မာစာနဲ့ ထူးချွန်ဆုရခဲ့တယ်လို့ သိရပါတယ်။ R ဇာနည်ကတော့ သားကြီးလေးအတွက် ဂုဏ်ယူလို့နေပါတယ်။

ဆုတွေတော့ အများကြီးပေးပါတယ်မြန်မာစာသင်္ချာအင်္ဂလိပ်Science ၊ Teamwork ၊Network values Topic ၊ Art၊ Music ၊PE ၊အဲ့ထဲကမှ မြန်မာစာ နဲ့ ဆုရတာပါI love you သားကြီး” ဆိုပြီး ဇွန်လ(၁၂) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : R ဇာနည်

ဖစ်ဖစ်တုန်(ခ) ဉာဏ်ဘုန်းဇာနည်က အသက်(၈)နှစ်ကျော် (၉)နှစ်အရွယ်ရောက်နေပြီလို့ သိရပါတယ်။ သားသားကတော့ ပညာရေးမှာ ထူးချွန်သလို အနုပညာကိုလည် ဝါသနာပါတာ တွေ့ရပါတယ်။ ဖစ်ဖစ်တုန်ဟာ ညီလေးကိုလည်း အရမ်းချစ် အရမ်းဂရုစိုက်တတ်သူပါ။ အဆိုတော် အာဇာနည်ကလည်း လက်ရှိမှာ မိသားစုကို အချိန်ပေးရင် သူဝါသနာပါတဲ့ အနုပညာအလုပ်တွေ လုပ်ကိုင်လျက်ရှိပါတယ်။

Photo : R ဇာနည်

အဆိုတော် အာဇာနည်နဲ့ သရုပ်ဆောင် မော်ဒယ် ဝမ်း တို့ဟာ ဒီနေ့(အောက်တိုဘာလ ၂၇ရက်နေ့)မှာပဲ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့်ခဲ့ပြီ လို့ သိရပါတယ်။ မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့် အမှတ်တရ အနေနဲ့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ ချမ်းမြေ့ရိပ်သာကျောင်းက သံဃာတော်များကို နေ့ဆွမ်းကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo : R ဇာနည်

အာဇာနည်နဲ့ ဝမ်းတို့ရဲ့ ဒုတိယမြောက်သားငယ်လေးဖြစ်တဲ့ ချစ်ချစ်တုန် ကတော့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာပဲ အသက် ၁ နှစ်ပြည့် ခဲ့ပြီဖြစ်ပါတယ်။ အာဇာနည် ရဲ့ သားငယ်လေး ချစ်ချစ်တုန်ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သားကြီးလေးဖစ်ဖစ်တုန် ကတော့ အခုဆိုရင် ၉ နှစ်ကျော် အရွယ်ရှိနေပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က