မြန်မာပရိသတ်တွေအတွက် သူကြိုးစားနေတယ်တဲ့။

ထိုင်းမင်းသမီးလေး ကရာဗီက အခုဆိုရင် မြန်မာစကားကို ကြိုးကြိုးစားစား လေ့လာသင်ယူနေပြီလို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေ အတွက် သရုပ်ဆောင်ဘက်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ ဆက်လက်ပြောပြလာပါတယ်။



နေတိုး သဘောကျအောင် အစွမ်းကုန်ကြိုးစားမယ်ဆိုတဲ့ ကာရာဗီ 

ထိုင်းနိုင်ငံက မင်းသမီးလေးလည်းဖြစ်သလို မြန်မာပရိသတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်လှတဲ့ ကရာဗီက အခုဆိုရင် မြန်မာစကားလည်း အနည်း ငယ် ပြောတတ်နေပါပြီ။ သူ့အနေနဲ့ မြန်မာစကားဟာ ခက်ခဲပေမယ့် ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားသင်ယူသွားမယ် ဆိုတဲ့အကြောင်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' မင်္ဂလာပါရှင်၊ ကျွန်မ နာမည်ကတော့ ကရာဖီ လို့ ခေါ်ပါတယ်။ အခု မြန်မာလို ပိုပြောနိုင်အောင် ကြိုးစားနေပါတယ်။ ရေးတတ်ဖို့ကတော့ နောက်တစ်ဆင့်ပေါ့။ အခုတော့ ပိုပြောနိုင်အောင် ကြိုးစားနေပါ တယ်။ မြန်မာစာက ကျွန်မအတွက် အရမ်းခက်ပါတယ်။ အကောင်းဆုံး ကြိုးစားသင်ယူနေပါတယ်'' လို့ ဆိုပါတယ်။

Photo: ကာရာဗီဖေ့စ်ဘွတ်

 

ကရာဗီဟာ မြန်မာနိုင်ငံက အစားအသောက်တွေကိုလည်း နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်တဲ့။ သူ့အကြိုက်ဆုံး အစားအသောက်အနေနဲ့ ဝက်သားတုတ်ထိုး ကို ကြိုက်နှစ်သက်တဲ့အကြောင်းတွေ ကို ဇူလိုင်လ ၂၇ ရက်နေ့က CANAL+ နဲ့ ဥပါယ်တံမျဉ်အဖွဲ့သားတွေ ပူးပေါင်းပြီး ပရိသတ်နဲ့တွေ့ဆုံပွဲမှာ Duwun media ကို ဖြေဆိုခဲ့တာပါ။

''အမြဲတမ်းစားသောက်ဖို့ လျှောက်သွားတယ်၊ အရမ်းစားတယ်။ ဝက်သား တုတ်ထိုးတွေ စားတယ်။ ဝက်သားတုတ်ထိုးကို ဘုရားတွေ၊ ဈေးတွေမှာ တွေ့ရတယ်။ အရမ်းကြိုက်တယ်။ ဝက်သားတုတ်ထိုးကို အရမ်း အရမ်း ကြိုက်တယ်။ တရုတ်တန်းက ဆိုင်ကိုတော့ အကြိုက်ဆုံးပဲ အကောင်းဆုံးပဲ''  လို့ ဆက်လက်ပြောပြလာပါတယ်။

 

ကရာဗီ က မြန်မာပရိသတ်တွေရဲ့ အားပေးခြင်းကို များစွာရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံအတွင်းက အနုပညာ လှုပ်ရှားမှုတွေမှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစား သွားမယ် ဆိုပြီးတော့ ပရိသတ်တွေကို စကားလက်ဆောင်ပါးခဲ့ပါတယ်။

'' အားလုံးကို လှိုက်လှိုုက်လှဲလှဲ ကျေးဇူးတင်ပါတယ်၊ အရမ်းကို အားပေးကြတယ်။ ရှင်တို့မှာလည်း အလုပ်တွေ အများကြီးရှိမှာပါ။ ဒီကြားထဲ ကနေမှ ကျွန်မကို အချိန်ပေးပြီး အားပေးတဲ့အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်။ ရှင်တို့အတွက် သရုပ်ဆောင်ဘက်မှာရော၊ ရှင်တို့ အားလုံး သဘောကျတဲ့ ဘက်မှာ အကောင်းဆုံး ကြိုးစားသွားမှာပါ'' လို့ သူကဆိုပါတယ်။

Photo: ကာရာဗီဖေ့စ်ဘွတ်

 

ကာရာဗီဟာ ၂၀၁၄ ခုနှစ်က စပြီး ထိုင်း-မြန်မာ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ''ဘယ်လိုအချစ်မျိုးလဲ'' ရုပ်ရှင်ဇာတ်ကားကနေတဆင့် မြန်မာနိုင်ငံက ပရိသတ် တွေ နဲ့ စတင်ထိတွေ့ခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ၃ နှစ်အကြာမှာတော့ ''ဥပါယ်တံမျဉ်'' ရုပ်ရှင်ဇာတ်ကားကြီးကနေ မြန်မာ ပရိသတ် ရင်ထဲ ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က