မြန်မာ့တပ်မတော်သတင်းထုတ်ပြန်ရေးဖေ့စ်ဘုတ်စာမျက်နှာတွေကို ဖယ်ရှားလိုက်တယ်လို့ သြဂုတ်လ ၂၇ ရက်နေ့ ရက်စွဲနဲ့ ဖေ့စ်ဘုတ်ကနေ တရားဝင်ကြေညာလိုက်ပါတယ်။
Photo - Facebook Newsroom
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဖေ့ဘုတ်စာမျက်နှာနဲ့ Senior General Min Aung Hlaing ဖေ့ဘုတ်စာမျက်နှာတို့ကို ဒီနေ့ သြဂုတ်လ ၂၇ ရက်ကစတင်ပြီး ဝင်ရောက်ကြည့်ရှုလို့မရတော့ဘူးလို့သိရပါတယ်။
ဒီနေ့မှာဆိုရင် Senior General Min Aung Hlaing၊မြဝတီ TVအပါအဝင် စတဲ့ လူပုဂိုလ်နဲ့အဖွဲ့အစည်းပေါင်း ၂၀ ရဲ့ စာမျက်နှာတွေကို ဖေ့ဘုတ်စ်ကနေ ဖယ်ရှားလိုက်ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးစီမံချက် အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူတွေက အဆိုပါ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေက နိုင်ငံအတွင်းမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြစ်စေနိုင်တယ်လို့ လတ်တလောတွေ့ရှိမှုတွေအရ သိရတယ်လို့ ဖေ့စ်ဘွတ်က ထုတ်ပြန်ပါတယ်။
လတ်တလောစုံစမ်းဖော်ထုတ်မှုတွေအရ အဲဒီ အကောင့်တွေက တပ်မတော်နဲ့ ဆက်နွှယ်တဲ့သတင်းစကားတွေကို တစ်သီးပုဂ္ဂလအနေနဲ့ ဒါမှမဟုတ် ထင်မြင်ယူဆချက်အနေနဲ့ အသုံးပြုနေတယ်ဆိုပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Photo - Facebook Newsroom
ဖေ့စ်ဘွတ်အနေနဲ့လည်း ဖေ့စ်ဘွတ်ကိုအသုံးပြုပြီး လူမျိုးရေးနဲ့ ဘာသာရေးတင်းမာမှုတွေကို မဖြစ်စေချင်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအကြောင်းအရာတွေကြောင့် ဖေ့စ်ဘွတ် စာမျက်နှာ ၆ ခုနဲ့ လူပုဂ္ဂိုလ်အကောင့် ၆ ခုကို ဖယ်ရှားရတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
နောက်ထပ်လည်း ဖေ့စ်ဘုတ်စံညွှန်းနဲ့ မကိုက်ညီတဲ့ ဖေ့ဘုတ်ပေ့ချ် ၄၆ ခုနဲ့ ကိုယ်ပိုင်အကောင့် ၁၂ ခုကို ဖယ်ရှားခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။ ပြည်သူကို ကောင်းမွန်တဲ့ ဆက်သွယ်ချက်တွေယုံကြည်နေစေဖို့အတွက် ဒီလိုမျိုး ဖယ်ရှားရတာဖြစ်တယ်လို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဖေ့ဘုတ်စ်ရဲ့ လုပ်ဆောင်နေတဲ့ အမုန်းစကားနဲ့ သတင်းလွှဲမှားမှုတွေ၊ကာကွယ်ရေးလုပ်ဆောင်ချက်တွေအရ အခုလို ဖယ်ရှားလိုက်တာလို့ ဖေ့ဘုတ်စ်က ကြေညာထားပါတယ်။
Share