ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ

နိုင်ငံကူးစာအုပ်နဲ့ တံဆိပ်တုံးအတုတွေ လုပ်ပြီး မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံကို လူကုန်ကူးနေတဲ့ ၁၀ ဦးပါဝင်တဲ့ မြန်မာနိုင်ငံသား ဂိုဏ်းအုပ်စုတစ်စုကို ဖမ်းမိခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Social Action for Children and Women – SAW အဖွဲ့က ထုတ်ပြန်ပါတယ်။

Photo- SAW



ဖဖော်ဝါရီ ၁၆ ရက်က ထိုင်းမြန်မာနယ်စပ် ကန်ချနာဘူရီခရိုင် လူဝင်မှုကြီးကြပ်ရးရဲတပ်ဖွဲ့ချုပ်ရုံးမှာ လဝက ရဲချုပ် ဆူရချေ့ဟက်ဖန်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ နိုင်ငံကူးစာအုပ်နဲ့ တံဆိပ်တုံးအတုတွေလုပ်ပြီး မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံအတွင်း သယ်ဆောင်ပေးနေတဲ့ ဂိုဏ်းဝင် ၁၀ ဦးနဲ့ သက်သေခံပစ္စည်းတွေပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရဲချုပ်က ပြောသွားခဲ့ကြောင်း SAW က ရေးသားထားပါတယ်။

ဖမ်းဆီးထားတဲ့ သူတွေထဲက မြန်မာနိုင်ငံသား အောင်ခိုင်ဆိုသူကိုရဲချုပ်ကိုယ်တိုင် စကားပြန်ကတဆင့် မေးမြန်းစစ်ဆေးရာမှာ တရားခံကိုယ်အောင်ခိုင်က “စာအုပ်တွဟာ အတုတွေမှန်းမသိပါဘူး” လိုပြောခဲ့ပြီး သူ့ကို ပေးလာတဲ့ နိုင်ငံကူးစာအုပ်တွေကို ဘန်ကောက်သံရုံးမှာဗီဇာလျှောက်ပေးခဲ့တာလို့ ဆိုပါတယ်။

Photo- SAW

အဆိုပါလူကုန်ကူးအဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ် ကမ်ချနာဘူရီ ခရိုင်ကနေ ဝင်ရောက်မယ့် မြန်မာနိုင်ငံသားတွေ ကို သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်တွေမှာ နိုင်ငံကူးစာအုပ်လက်မှတ်အတု တွေသုံးပြီး ဖြတ်ကျော်ခိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီဂိုဏ်းကို လက်ရဖမ်းဆီးနိုင်ဖို့ အချိန်ယူ စစ်ဆေးပြီးမှာ အမှုနဲ့ ပါတ်သက်နေတဲ့ ဂိုဏ်းဝင်အားလုံးဖမ်းမိနိုင်ခဲ့တယ်လို့ ရဲချုပ်က ပြောပါတယ်။

အဓိကတရားခံ တုံးအတုနဲ့ လူကုန်ကူးသူ နေသူ တရားခံ တွေဖြစ်တဲ့ ကိုမွန်နဲ့တခြားတရားခံတွေပါ ဖမ်းဆီးပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ BE 2522 (1979)အရ ရုံးတင်တရားစွဲဆိုထားတယ်လို့သိရပါတယ်။ နိုင်ငံကူးစာအုပ်တွေနဲ့ ထွက်လာကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် အဓိက ရင်ဆိုင်နေရတဲ့ ပြသနာဟာ ဗီဇာတိုးပေးတဲ့ပွဲစားတွေနဲ့ စာအုပ်အတု တုံးအတုလုပ်နေသူတွေကြောင့် အများအပြားဖမ်းဆီးနေရတယ်လို့လည်းရဲချုပ်က ပြောဆိုသွားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က