တစ်နိုင်ငံလုံးရွှေအလေးချိန်ပမာဏ တူညီစေဖို့ အခုလို သတ်မှတ်တာပါ။

မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ လက်ရှိ အသုံးပြုချိန်တွယ်နေတဲ့ ရွှေအလေးချိန်ပမာဏ တစ်ပဲကို ၈ ရွေးအဖြစ် လာမယ့် ဇန်နဝါရီလ ၁ ရက်မှစပြီး ပြောင်းလဲသတ်မှတ်တော့မှာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

Photo - MOI



မြန်မာနိုင်ငံ အောက်ပိုင်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်တွေအားလုံးနဲ့ မြန်မာတစ်နိုင်ငံလုံး ရွှေအလေးချိန်ပမာဏ တူညီစေဖို့ အတွက် မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ ပြောင်းလဲ သတ်မှတ်လိုက်တာဖြစ်တယ်လို့ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဦးမော်က Duwun ကိုပြောပါတယ်။

“ ရန်ကုန်ကတစ်ပဲကို ၈ ရွေးနဲ့ တွက်တယ်။ ကျွန်တော်တို့ မန္တလေးကတော့ ၇ရွေးခွဲနဲ့ တွက်ပါတယ်။ အခုတော့ ရန်ကုန်တင်မကဘဲ တခြားနေရာတွေမှာပါ ၈ ရွေးနဲ့ ဆိုတော့ တစ်နိုင်ငံလုံး တစ်ညီတစ်ညွှတ်တည်းဖြစ်အောင် ပြောင်းလိုက်တာပါ။ ရွှေဆိုင်တွေအတွက် အရမ်းကြီး အပြောင်းအလဲမရှိပါဘူး” လို့ ဦးမော်က ပြောပါတယ်။

တစ်ပဲကို ၈ ရွေးအချိန် ပြုပြင်ပြောင်းလဲအသုံးပြုနိုင်ဖို့ မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကနေ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့အစည်းအဝေးမှာ သဘောတူ ဆုံးဖြတ်ခဲ့ပြီးနောက် အခုလို ကြေညာခဲ့တာာလည်း ဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတစ်ရက်က စတင်ကာ ရွှေဆိုင်တွေ၊ ရွှေသန့်စင်လုပ်ငန်း (လှော်ဖို)တွေ၊ ရွှေတူးဖော်ရေးလုပ်ငန်းရှင်တွေ၊ရွှေပန်းထိမ်တွေ၊ ရွှေအပေါင်ဆိုင်တွေ၊ ရွှေအပိုင်း အရောင်းအဝယ်လုပ်ငန်းတွေနဲ့ ရွှေဆိုင်းလုပ်ငန်းရှင်တွေကို ပြုပြင်ပြောင်းလဲတက်ချက်ကြဖို့ ဆိုပြီး မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်အသင်းကနေ အသိပေးကြေညာမှုတွေ လုပ်ထားပါတယ်။၂၀၁၉ ခုနှစ်ကစတင်ပြီး ရွှေတစ်ကျပ်သားကို ရွှေအလေးချိန် ၁၂၈ ရွေး (၁၆ ပဲ) ဖြစ်လာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က