ပထမဆုံးအကြိမ် အဖြစ်ပေးတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံသား မိဘမဲ့ကလေး ၄၆ ဦးကို ထိုင်းနိုင်ငံက နိုင်ငံသားမှတ်ပုံတင် ပေးအပ်လိုက်တယ်လို့ ထိုင်းနိုင်ငံရောက် အမျိုးသမီးနဲ့ကလေးများအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Social Action for Children and Women- SAW အဖွဲ့က ဖေဖော်ဝါရီ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Photo- SAW



ထိုင်းနိုင်ငံ မဲဆောက်မြို့က SAW အဖွဲ့အစည်းရုံးမှာ နေထိုင်ကြတဲ့ မိဘမဲ့ကလေးတွေထဲမှ အထောက်အထားပြည့်စုံတဲ့ ကလေး ၄၆ ဦးကို ပထမဆုံးအသုတ်အဖြစ် ထိုင်းနိုင်ငံသားမှတ်ပုံတင်တွေ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံမဲ့ကလေးတွေထဲက မိဘမဲ့ကလေးဂေဟာမှ ကလေးတွေကို အစုအဝေးနဲ့ ပထမဦးဆုံးအကြိမ် နိုင်ငံသားပေးအပ်ခဲ့တာဖြစ်တယ်လို့ SAW အဖွဲ့ ဥက္ကဌ Mr surapong Kongchantuk က ပြောပါတယ်။

SAW အဖွဲ့အစည်းရဲ့ မိဘမဲ့ကလေးတွေထဲမှ ဆေးရုံဆေးခန်းမှာမွေးတဲ့ အထောက်အထားလက်မှတ် ရှိသူတွေကိုရွေးချယ်ပြီး သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ၊ လူမူဝန်ထမ်းအဖွဲ့တွေ၊ ဆေးရုံးဆေးခန်းတွေက ထောက်ခံတဲ့ စာရွက်စာတမ်းတွေကိုတင်ပြပြီး ထိုင်းနိုင်ငံသားရရှိဖို့ထိုင်းအစိုးရကို လျောက်ထားရတယ်လို့ ဆိုပါတယ်။

Photo- SAW

Social Action for Children and Women- SAW အဖွဲ့အစည်းကို လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး မိဘမဲ့ကလေးတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေတဲ့ ကလေးများနဲ့ အမျိုးသမီးများကို ကူညီစောင့်ရှောက်မူပေးနေပါတယ်။ စောင့်ရှောက်ရေးဂေဟာအပြင် အထက်တန်း စာသင်ကျောင်းလည်း ဖွင့်လှစ်ထားပြီး အမျိုးသမီးနဲ့ ကလေး ၁၄၀၀၀ ကျော်လောက်ကို ကူညီစောင့်ရှောက်မှုတွေ ပေးခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က