ကိုအောင်ကျော်ဝင်းနဲ့ ကိုစိုင်းဇွန်ဖ ဆိုသူ မြန်မာနိုင်ငံသား နှစ်ဦးဟာ နိုင်ငံပေါင်း ၃၀ ကျော်ကို ဆိုင်ကယ်နဲ့ ကမ္ဘာလှည့်ခရီးသွားမယ်လို့ သိရပါတယ်။
စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ တရုတ်၊ မွန်ဂိုလီးယား၊ ကာကျစ္စတန်၊ ရုရှား၊ ဖင်လန်၊ ဆွီဒင်၊ နော်ဝေး၊ ဂျာမနီ၊ နယ်သာလန်၊ ဘယ်ဂျီယံ၊ အင်္ဂလန်၊ စကော့တလန်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ အီတလီ၊ ဆွစ်ဇာလန်၊ သြစတီးလျား၊ ချက်၊ ပိုလန်၊ ဆလိုဘတ်ကီးရီးယား၊ ဟန်ဂေရီ၊ ဆာဘေးရီးယား၊ မက်ဆီဒိုးနီးယား၊ ဂရိ၊ ဘူဂေးရီးယား၊ တူရကီ၊ အီရန်၊ အိန္ဒိယနှင့် နီပေါနိုင်ငံတို့ ကို ဆိုင်ကယ်နဲ့ သွားရောက်မှာဖြစ်ပြီး ခရီးအကွာအဝေး မိုင်ပေါင်း သုံးသောင်းကျော်အထိ ရှိတယ်လို့လည်း ဆိုပါတယ်။
ထိုသို့ ကမ္ဘာလှည့်ခရီးသွားပြီး မြေပြင်အခြေအနေ ကွဲပြားခြားနားမူတွေကနေ မတူညီမူများ၊ ရင်းနှီးမူများ၊ အခက်အခဲများကို အချိန်နဲ့တပြေးညီမျှဝေမှာ ဖြစ်သလို အသိပညာ၊ ယဉ်ကျေးမူများကိုဖလှယ်ကာ မြန်မာကို ကမ္ဘာသိရှိအောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ စီစဉ်တဲ့ Motourlogue ခရီးသွားအဖွဲ့ကသိရပါတယ်။
ကိုအောင်ကျော်ဝင်းနဲ့ ကိုစိုင်းဇွန်ဖတို့ နှစ်ဦးဟာ ပြည်တွင်းခရီးစဉ် ရန်ကုန်မှ ပုဂံ၊ ရန်ကုန်မှ မန္တလေး၊ ရန်ကုန်မှ တာချီလိတ်၊ ရန်ကုန်မှ နာဂ၊ ရန်ကုန်မှ ပူတာအို၊ ရန်ကုန်မှ ငွေဆောင်၊ ရန်ကုန်မှ တောင်ကြီး၊ ရန်ကုန်မှ ကန်ပလက် စတဲ့ ဒေသတွေကို ဆိုင်ကယ်နဲ့ ခရီးသွားလာဖူးတဲ့အတွေ့အကြုံရှိသူတွေလည်း ဖြစ်ပါတယ်။
ယခင်က မြန်မာနိုင်ငံမှာ ပထမဦးဆုံး ခရီးရှည်ဆိုင်ကယ် မောင်းနှင်ခဲ့သူအဖြစ် ဦးဘတုတ်နှင့် ဒေါ်တင်တင်စိန်တို့ ဇနီးမောင်နှံက မှတ်တမ်းတင်ခံထားရပြီး စစ်ကျန် BSA ( Birmingham Small Arms Company Limited ) ဆိုင်ကယ်ဟောင်းတစ်စီးနဲ့ နိုင်ငံ ၃၀ ကို တစ်နှစ်အတွင်း ဖြတ်သန်းခဲ့ကြတယ်လို့ သိရပါတယ်။