အသင်းဆယ့်ခြောက်သင်းမှာ ဆိုရင် ကွာလီဖိုင်းအဆင့် ဝင်တဲ့အသင်းတွေနဲ့ ဖိတ်ခေါ်ထားတဲံအသင်းတွေက ဇွန်လ ၂၇ ရက်နေ့ နဲ့ ၂၈ ရက်နေ့တွေမှာဆိုရင် ရှစ်သင်းစီယှဉ်ပြိုင်ရမှာဖြစ်ပြီးတော့ ဆီမီးဖိုင်နယ်ကတော့ ဇွန်လ ၃၀ ရက်နဲ့ ဖိုင်နယ်ပွဲစဉ်ကိုတော့ ဇူလိုင် ၁ ရက်နေ့မှာကျင်းပမှာပါ။
ပထမဆုကို ကျပ် ၂၅ သိန်းနဲ့စုစုပေါင်း ကျပ် သိန်း ၆၀ ကျော်ပေးအပ်သွားမယ့် ဒီဂိမ်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်တွေက အကြိတ်အနယ်ပါဝင်ယှဉ်ပြိုင်နေတာကို တွေ့ရပါတယ်။
နာမည်ကြီးတဲ့ အသင်းတွေဖြစ်တဲ့ veteran ၊ speed gaming တို့လို အသင်းတွေပါဝင်မှာဖြစ်သလို ကွာတားဖိုင်နယ်အဆင့်ထိတက်ရောက်လာတဲ့ အသင်းတွေကလည်း အပြိုင်အဆိုင်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။
“ မြန်မာနိုင်ငံမှာ ဂိမ်းနဲ့ ပါတ်သတ်ပြီးတော့ သိပ်ခေတ်မစားသေးတော့ အခုလိုမျိုးပွဲတွေကို ကျွန်တော်တို့ ဆိုင်စဖွင့်ကတည်းကလုပ်ချင်ခဲ့တာပါ။ဒါကြောင့်မို့ ဒီလိုပွဲမျိုးစီစဉ်တာပါ။ဒိနေ့နဲ့ မနက်ဖြန်မှာတော့ အသင်းဆယ့်ခြောက်သင်းက ယှဉ်ပြိုင်မှာပါ ‘’’ လို့ HOG ရဲ့ PR ကိုလူမင်းခန့် က ပြောပါတယ်။
ပွဲစဉ်တွေကိုတော့ HOG ရဲ့ လူမှုကွန်ယက်မှာလည်း Live အနေန့ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
‘ ကျွန်တော်တို့ က အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ ကြိုးစားထားပါတယ်’’ လို့ ပွဲစဉ်ပထမဆုံးယှဉ်ပြိုင်မယ့် Joyous Gaming ကကို ပြည့်စုံမြင့်ဦး ကပြောပါတယ်။
မြန်မာနိုင်ငံမှာ e- sport နဲ့ ပါတ်သတ်ပြီးတော့ ဒီလို ြ့ပိုင်ပွဲတွေကနေတစ်ဆင့် လူငယ်တွေအတွက် နိုင်ငံတကာနဲ့ ယှဉ်ပြိုှု်နိုင်မယ့် အခွင့်အရေးတွေ များလာမှာဖြစ်တယ်လို့ ဆိုပါတယ်။