ခရီးသွားလာမှုနဲ့ပတ်သတ်ပြီးတော့ ဆုတွေပေးအပ်သွားမှာပါ။

မြန်မာနိုင်ငံရဲ့ ခရီးသွားနဲ့ အစားအသောက် နယ်ပယ်တွေမှာ အကောင်းဆုံးအဖြစ် Myanmore Travel Awards 2019 ရွေးချယ်ပေးအပ်မယ်လို့ Myanmore က ဖေဖော်ဝါရီ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ပြောခဲ့ပါတယ်။

နှစ်စဉ်ကျင်းပနေတဲ့ အဆိုပါဆုပေးပွဲကို မြန်မာနိုင်ငံမှ အစားအသောက်နဲ့ ခရီးသွားလုပ်ငန်းမှာ အကောင်းဆုံးအရည်သွေးရှိအောင် ကြိုးစားခဲ့တဲ့သူတွေကို ဆုရွေးချယ်ပေးအပ်တာ ဖြစ်ပါတယ်။ တစ်နှစ်တာ အကောင်းဆုံးစားသောက်ဆိုင်၊ အကောင်းဆုံးကော်ဖီဆိုင်၊ အကောင်းဆုံးဘား၊ အကောင်းဆုံး မြန်မာစားသောက်ဆိုင်၊ အကောင်းဆုံး မြန်မာဘီယာဆိုင်ဆိုပြီး ဆုများရွေးချယ်ပေးအပ်မယ်လို့ သိရပါတယ်။



“ကျွန်တော်တို့အနေနဲ့ ဒီလိုဆုတွေပေးအပ်တာက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဟိုတယ်တွေ အပါအဝင် စားသောက်ဆိုင်တွေထဲက အရည်အသွေးကောင်းမွန်မှုရှိအောင် ကြိုးစားနိုင်ခဲ့တဲ့သူတွေကို ဂုဏ်ပြုတာဖြစ်ပါတယ် ” လို့ Myanmore က တည်ထောင်သူ Mr.Andreas က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အကောင်းဆုံးစားဖိုမှုးဆု၊ အကောင်းဆုံးဝိုင်နဲ့ ယမကာကိုယ်စားပြု သံတမန်ဆု၊ အတော်ဆုံးစွန့်ဦးတီထွင် လုပ်ငန်းရှင်ဆု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ဆုံးဆုတို့ကိုလည်း ပေးအပ်မှာဖြစ်ပြီး ကမ္ဘောဇဘဏ်အနေနဲ့ Entrepreneur of the Year ဆုကို ပေးအပ်မှာဖြစ်ကာ အသေးစား၊ အလတ်စားလုပ်ငန်းတွေအတွက် ငွေကြေးထောက်ပံ့မယ်လို့လည်း သိရပါတယ်။ ခရီးသွားလာမှုနဲ့ပတ်သတ်ပြီးတော့လည်း ဆုတွေပေးအပ်သွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က