မတ်လ ၃ ရက်နေ့မှာ ဖွင့်လှစ်ပြီး ဝင်ကြေးအခမဲ့ဖြစ်ပါတယ်။

ရှားပါးလာတဲ့ မြန်မာ့တောဆင်ရိုင်းတွေ မျိုးတုန်းပျောက်ကွယ်မှုမရှိစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး ဆင်ပြတိုက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ မတ်လ ၃ ရက်နေ့က စတင်ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ဆင်ပြတိုက် သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဆင်ပြတိုက်ကို သစ်တောဦးစီးဌာနနဲ့ WWF မြန်မာ တို့က ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး တောရိုင်းဆင်တွေ သတ်ဖြတ်ခံရမှု၊ ဆင်စွယ်နဲ့ ဆင်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တရားမဝင်ကုန်သွယ်မှုတွေလျော့နည်းလာစေဖို့ ရည်ရွယ်ဖွင်လှစ်တာဖြစ်တယ်လို့သိရပါတယ်။



“ ဒီပြတိုက်မှာဆိုရင် ဆင်စွယ်တွေ၊ ဆင်အစိတ်အပိုင်းတွေနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေကိုလည်း ပြသထားပါတယ်။ လာကြည့်တဲ့သူတွေအနေနဲ့ ဒါတွေကို မသုံးသင့်ဘူးဆိုတဲ့ အသိပညာရမယ်။ သုံးမယ့်သူမရှိရင် ရောင်းမယ်သူလည်းမရှိတော့ဘူး။ ဒါဆိုရင် ဆင်တွေလည်း အသတ်ခံရမှု နည်းသွားမယ်။ ဘယ်ဥပဒေတွေနဲ့ အရေးယူလို့ရမလဲဆိုတာကို အပြင်လူတစ်ယောက်အနေနဲ့သိနိုင်တယ်။ ဒီပြတိုက်က မြန်မာ့တောဆင်ရိုင်းတွေ ထိန်းသိမ်းကာကွယ်ရာမှာ အထောက်အကူပြုနိုင်မယ်လို့ မျှော်မှန်းပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အဆိုပါ ပြတိုက်မှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ ငါးပြတိုက် ရဲ့ အောက်ထပ်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး စတင်ဖွင့်လှစ်တဲ့နေ့ကစပြီး သုံးလအထိ ဝင်ကြေး အခမဲ့အနေနဲ့ ကြည့်ရှုလေ့လာနိုင်မယ်လို့ သိရပါတယ်။

ဆင်ပြတိုက်ဟာ ပေ ၃၀၊ ပေ ၈၀ အကျယ်အဝန်းရှိပြီး ဆင်ကျောက်ဖြစ်ရုပ်ကြွင်းမျိုးစိတ်တွေ၊ တောဆင်ရိုင်းတွေ သတ်ဖြတ်ခံရမှုပုံတွေ၊ ဆင်အရိုး၊အစွယ်တွေနဲ့ လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ရှေးမြန်မာနန်းတွင်းမှာ ဆင်အသုံးပြုပုံတွေ၊ မှတ်တမ်းဓာတ်ပုံတွေ၊ တောဆင်ဖမ်းဆီးခြင်း စာချုပ်တွေ၊ဆင်ဦးစီးတွေ အသုံးပြုတဲ့ Verbal Command ၊ ဆင်နဲ့ ပတ်သက်တဲ့ ပန်းချီကားတွေကို ပြသထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က