သူမဟာ Asia Speical Award ဆုရဲ့ ၄ ယောက်မြောက် ဆုရှင်ပါ။

Asia Speical Award ဆုရဲ့ ၄ ယောက်မြောက် ဆုရှင်ဖြစ်လာတဲ့အပေါ် ဝတ်မှုံရွှေရည်က ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူမကိုယ်တိုင်ကလည်း မြန်မာနိုင်ငံရဲ့ အနုပညာလောကကို ပိုမိုကျယ်ပြန့်စေချင်တဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြထားပါတယ်။

သရုပ်ဆောင် ဝတ်မှုံရွှေရည်က တောင်ကိုရီးယားနိုင်ငံက ဆုချီးမြှင့်တဲ့ Asia Speical Award ဆု ရရှိခဲ့တဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။ ဒီဆုကလည်း သူမအတွက် အင်အားတစ်ခုဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြထားပါတယ်။



‘’ကိုယ့်ပရိသတ်တွေအတွက်၊ ကိုယ့်နိုင်ငံအတွက် ဒီလိုမျိုး ဆုပေးခံရတယ်ဆိုတော့ ပရိသတ်တွေအတွက်ရော၊ ကိုယ့်ကို ချစ်တဲ့သူတွေအတွက်ရော၊ ကိုယ့်နိုင်ငံအတွက်ကိုလည်း ဒီလိုမျိုးဆုက ပေးတယ်ဆိုတော့ ကစ်အများကြီး ကြိုးစားပါဦးမယ်။ ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်’’ ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့က Hearty Heart Beauty Talk ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။


သူမကိုယ်တိုင်ကလည်း လက်ရှိမှာ ပြည်ပနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရသူပါ။ အနုပညာလောက တိုးတက်လာဖို့ကိုလည်း ရည်မှန်းထားတယ်လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

‘’အခုဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် ဒီ International မှာရော၊ Asia မှာကပါ အကုန်လုံးပေါင်းပြီးတော့ မြန်မာနိုင်ငံနဲ့ အလုပ်တွဲလုပ်လာကြတယ်။ အဲဒီအတွက် မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကကို ပိုပြီးတော့ တိုးတက်စေချင်တယ်။ တိုးတက်လာဖို့လည်း အများကြီးမြင်တယ်။ အကုန်လုံးကလည်း မြင်ကွင်းတွေကျယ်ကုန်ပြီ။ ဒါကြောင့် ကိုယ့်ရုပ်ရှင်လောကအတွက် တထောင့်တစ်နေရာက ဘယ်လိုပဲဖြစ်ဖြစ် အုတ်တစ်ချပ် သဲတစ်ပွင့်လေးတော့ ဖြစ်ချင်ပါတယ်’’ လို့ သူကဆိုပါတယ်။ 

လက်ရှိ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ ဝတ်မှုံရွှေရည်( Wutt Hmone Shwe Yi) တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။

ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က