မင်းဘူးမှာ တည်ဆောက်နေတာပါ။
မကွေးတိုင်းဒေသကြီးမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော နေရောင်ခြည်စွမ်အင်သုံး ဓါတ်အားပေးစက်ရုံရဲ့ ပထမအဆင့်စီမံကိန်း ပြီးစီးတော့မယ်လို့ သိရပါတယ်။

Photo - မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့



မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဟာ မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် မင်းဘူးမြို့ရဲ့ အနောက်တောင်ဘက် ၁၆.၃ မိုင်ခန့်အကွာ မင်းဘူး- အမ်း ကားလမ်းဘေးမှာတည်ရှိပြီး Green Earth Power (Myanmar) Co.,Ltd. မှ B.O.T စနစ်ဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စတင်အကောင်အထည်ဖော် တည်ဆောက်နေခဲ့တာ ဖြစ်ပါတယ်။

Photo - မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

စက်တပ်ဆင်အင်အား ၁၇၀ မဂ္ဂါဝပ်နဲ့ စီမံကိန်းကို အဆင့် ၄ ဆင့်ဖြင့် တည်ဆောက် သွားမှာဖြစ်ပြီး ပထမအဆင့်မှ တတိယအဆင့်အထိ ၄၀ မဂ္ဂါဝပ်စီ အသီးသီး တည်ဆောက် သွားမယ်လို့ သိရပါတယ်။ စတုတ္ထအဆင့်ကို ၅၀ မဂ္ဂါဝပ်ဖြင့် တည်ဆောက်သွားမှာဖြစ်ပြီး ယခု နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဟာ မြန်မာနိုင်ငံမှာ ပထမဆုံး စီမံကိန်းဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တရားဝင် Website မှာ ဖော်ပြထားပါတယ်။

Photo - မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

ယခုအခါ ပထမအဆင့် ၄၀ မဂ္ဂါဝပ် စီမံကိန်းဟာ ၉၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တာကြောင့် မကြာမီ ကာလအတွင်း ၂၀ မဂ္ဂါဝပ် စတင်ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်နဲ့ ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က