၄၈.၀၃ ရာခိုင်နှုန်းပဲရှိတာပါ။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လက်ရှိအင်အားဟာ ရှိရမယ့် ဖွဲ့စည်းပုံရဲ့ ထက်ဝက်နီးပါးပဲရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးက ပြောလိုက်ပါတယ်။



Photo - မြန်မာနိုင်ငံရဲတပ်ဖွဲ့

လက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အင်အားဟာ ၈၃၀၀ဝ ကျော်သာရှိပြီး ထိုပမာဏဟာ ရှိရမယ့် ဖွဲ့စည်းပုံရဲ့ ၄၈.၀၃ ရာခိုင်နှုန်းသာရှိတယ်လို့ မတ်လ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောခဲ့ပါတယ်။

ဒါကြောင့် ရဲတပ်ဖွဲ့နဲ့ ပြည်သူအချိုးဟာ ၁ အချိုး ၆၅၀ ဦးဖြစ်နေတယ်လို့လည်း သူကဆိုပါတယ်။

တကယ့်ဖွဲ့စည်းပုံမှာ အရာရှိ ၃၀၀၀၀ ကျော် နဲ့ အခြားအဆင့် ၁၄၀၀၀၀ ကျော်လောက် ရှိရမှာဖြစ်ပေမယ့် လက်ရှိမှာ ရဲအရာရှိ ၁၅၀၀၀ ကျော်နဲ့ အခြားအဆင့် ၇၀၀၀၀ ကျော်ပဲရှိနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လစဉ် ရဲတပ်ဖွဲ့အင်အား ၆၅၀ လောက် ခန့်ထားဖို့ လိုအပ်နေပြီး တစ်နှစ်လုံးဆိုရင် ရဲအင်အား ၈၄၀၀ လောက်ခန့်ထားဖို့လိုအပ်နေတာဖြစ်တယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ မှုခင်းဖြစ်ပွားမှုဟာ မြင့်တက်လာခဲ့ပြီး အထူးအဖြင့် မြို့ကြီးတွေမှာ အများဆုံးဖြစ်လာတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ သမ္မတရုံးအနေနဲ့လည်း ရဲတပ်ဖွဲ့အင်အားကိုဖြည့်ဆည်းဖို့ အတွက် ခွင့်ပြုထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ဒေသခံတွေဆီကို သွားရောက်တွေ့ဆုံရင်းနဲ့ ရဲတပ်ဖွဲ့ကိုဝင်ကြဖို့ တိုက်တွန်းပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က