သူမ Single ဖြစ်နေရတဲ့အကြောင်း ပြောပြလာပါတယ်။

ပိုပိုက မြန်မာနိုင်ငံရဲ့ ယောကျ်ားထုကြီးကို အသည်းမကွဲစေချင်လို့ Single ဖြစ်နေတာပါလို့ သဘောကျရင်းပြောပြခဲ့ပါတယ်။ သူမ လိုချင်တဲ့ ချစ်သူမျိုးကတော့ ပျော်အောင်ထားနိုင်မယ့် ချစ်သူကို လိုချင်တာပါတဲ့။

Photo: Po Po



ပိုပို ကိုယ်တိုင် ရွေးချယ်မယ့် ချစ်သူကတော့ ပျော်အောင်ထားပေးမယ့် ချစ်သူမျိုးကို လိုချင်တာပါတဲ့။ အချစ်ရေးအပေါ် ပိုပို့ရဲ့ ခံယူချက်ကိုလည်း Duwun Media ကနေ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘’ ကိုယ့်အပေါ်မှာ မေတ္တာစစ်၊ မေတ္တာအမှန်နဲ့ မချစ်ရင်တော့ ဘာအပူမှလည်း မလိုချင်ဘူး။ ပျော်အောင်မထားနိုင်ရင် လစ်။ ကိုယ့်ကို ပျော်အောင်မထားမှတော့ ဘာလုပ်တော့မှာလဲ။ အချစ်ဆိုတာ နှစ်ဦး နှစ်ဖက် ပျော်ရွှင်မှ အချစ်ဖြစ်တာလေ။ ကိုယ်ကတော့ ကိုယ့်ကို ပျော်အောင်ထားမယ့်သူ မရှိဘူးဆိုရင် အပျိုကြီးပဲ လုပ်မှာ။ ကိုယ့် Fan တွေကို ချစ်မယ်။ ကိုယ့်ကြောင့် မြန်မာနိုင်ငံက ယောကျ်ားထုကြီး အသည်းမကွဲစေချင်ဘူး’’ ဆိုပြီးတော့လည်း သဘောကျရင်း ပြောပြခဲ့ပါတယ်။

Photo: Po Po

ပရိသတ်အချစ်တော်မလေး ပိုပို က အခုချိန်မှာ အချစ်ရေးနဲ့ ပတ်သက်လို့ Single တစ်ယောက်ပါတဲ့။ သူမဟာ တစ်ယောက်တည်း နေရတဲ့ ဘဝကို နှစ်သက်သူဖြစ်လို့ အပျိုကြီးလုပ်မှာလားဆိုတဲ့ အပေါ် မှာလည်း သူ့ရဲ့ ခံယူချက်ကို အခုလို ပြောပြလာပါတယ်။

‘’အပျိုကြီးဆိုတဲ့ စကားလုံးက ဟိုးအရင်တုန်းကတော့ မိသားစုနဲ့ နေချင်ပါတယ်။ အခုလည်း နေချင်တဲ့စိတ်ရှိပါတယ်။ အပျိုကြီးဖြစ်တော့ ကိုယ့်ကို ချစ်နေတဲ့သူတွေ အကုန်လုံးက ကိုယ့်ကို ဝိုင်းချစ်နေတာ အားလုံးရဲ့ အချစ်တွေကို ရနေတာ တစ်ခါတလေကျရင်တော့ အထီးကျန်တာပေါ့။ ဒါပေမယ့် အရမ်းလွတ်လပ်တယ်။ ကိုယ်လုပ်စရာရှိတာလုပ်မယ်၊ ကိုယ့်ဘာသာပေါင်းချင်တဲ့သူနဲ့ပေါင်းမယ်၊ တွေ့ချင်တဲ့သူတွေ့မယ်၊ ပြောရမယ်ဆိုရင် ရည်းစားမရှိဘူးဆိုရင် ရည်းစားဟောင်းနဲ့လည်း သူငယ်ချင်းပြန်ဖြစ်နိုင်တာပဲလေ။ ရည်းစားမရှိတာက ပျော်စရာကောင်းတယ်၊ အပူတွေလည်း သိပ်မရှိတော့ဘူး’’ လို့ သူကဆိုပါတယ်။

Photo: Po Po

ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြားရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာပရိသတ်တွေ အခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ အဲ့ဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

Photo: Po Po

အဆိုတော် ပိုပိုကတော့ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က