Credit - မိုးဇလ
အနောက်တောင် မုတ်သုံလေဟာ နောက်(၂)ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒီကနေ့ မေလ (၂၁)ရက်နေ့က ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီနှစ်အတွက် မုတ်သုံလေ အဝင်နောက်ကျတာကြောင့် အပူချိန်တွေ စံချိန်တင်မြင့်တက်ခဲ့ပြီး ဒေသတော်တော်များများမှာ အပူဒဏ်ခံစားနေရပါတယ်။
မေလ အစပိုင်းက ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုံး ဖန်နီနဲ့အတူ မုတ်သုံလေ စောစော ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် မုန်တိုင်းရဲ့လမ်းကြောင်းကြောင့် မုတ်သုံလေမဝင်ရောက်ခဲ့ပါဘူး။ ရန်ကုန်မြို့မှာတော့ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း မိုးရွာသွန်းမှု နှစ်ကြိမ်လောက် ဖြစ်ပွားခဲ့ပေမယ့် အပူဒဏ်လျော့ကျသွားခြင်းမရှိခဲ့သလို မြန်မာပြည်အထက်ပိုင်းဒေသတွေမှာလည်း မိုးရွာသွန်းသယောင်ရှိခဲ့ပေမယ့် မုတ်သုံကတော့မရောက်ခဲ့ပါဘူး။
မုတ်သုံလေဝင်ရောက်မှုနဲ့အတူ မြန်မာပြည်အထက်ပိုင်းဒေသတွေမှာတော့ မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း (၈၀) လောက်ရှိနေပါတယ်။ ဒီနေ့အတွက်ခန့်မှန်းချက်ကတော့ မြန်မာပြည် တောင်ပိုင်းဒေသတွေမှာတော့ မိုးရွာဖို့ ရာနှုန်းပြည့်နီးပါးရှိနေတယ်လို့ သိရပါတယ်။